ပြည်ထောင်စုနေ့ ဆိုတာ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ရမယ့် နေ့တစ်နေ့ပါ ဂုဏ်ရည်အေးကျော်

0
189

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့အထွတ်အမြတ်နေ့လေး တစ်ခုဖြစ်တဲ့ ပြည် ထောင်စုနေ့လေးပဲဖြစ်ပါတယ်။  ပြည်ထောင်စုနေ့လို့ ပြောလိုက်တာနဲ့ ကိုယ့် တိုင်းပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံးညီညွတ်ရမယ့်နေ့လို့ ပြောရင်လည်းမမှားပါဘူး။ အဲဒါ့ ကြောင့် ပြည်ထောင်စုနေ့လေးမှာ တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်မှုရှိပြီး တိုင်းပြည်ကြီး အေးချမ်းတဲ့ နိုင်ငံလေးဖြစ်စေချင်ကြောင်း အလှမယ် ဂုဏ်ရည်အေးကျော်က ပြောပြခဲ့ပါတယ်။ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့အထွတ်အမြတ်နေ့လေး တစ်ခုဖြစ်တဲ့ ပြည် ထောင်စုနေ့လေးပဲဖြစ်ပါတယ်။

ပြည်ထောင်စုနေ့လို့ ပြောလိုက်တာနဲ့ ကိုယ့် တိုင်းပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံးညီညွတ်ရမယ့်နေ့လို့ ပြောရင်လည်းမမှားပါဘူး။ အဲဒါ့ ကြောင့် ပြည်ထောင်စုနေ့လေးမှာ တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်မှုရှိပြီး တိုင်းပြည်ကြီး အေးချမ်းတဲ့ နိုင်ငံလေးဖြစ်စေချင်ကြောင်း အလှမယ် ဂုဏ်ရည်အေးကျော်က ပြောပြခဲ့ပါတယ်။ “ပြည်ထောင်စုနေ့ ဆိုတာက တကယ်တော့ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ရမယ့် နေ့တစ်နေ့ပါ။ အဲဒီနေ့လေးမှာ တိုင်းရင်းသားတွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးလေးရှိရင် ပိုကောင်းမယ်လို့ ဂုဏ်ရည်မြင်ပါတယ်၊ ပြည်ထောင်စုနေ့ ဆိုတာက အားလုံးငြိမ်းချမ်းပြီး တိုင်း ရင်းသားတွေစည်းစည်းလုံးလုံးရှိရမယ်လို့ ဂုဏ်ရည်မြင်ပါတယ်၊ အဲဒါမှ ဂုဏ်ရည်တို့ တိုင်းပြည် ကြီးက ပိုပြီးပြည့်စုံတဲ့ ပြည်ထောင်စုနေ့လေးဖြစ်လာမှာပါ။ အခုဆိုရင် ဂုဏ်ရည်တို့ချစ်ကြတဲ့ အမေစုဆိုရင် တိုင်းပြည်ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်မှုရှိဖို့အတွက် လုပ်ဆောင်နေတာပဲ။ အမေစုက တိုင်းပြည်စည်းလုံးဖို့ အတွက် ဘာလုပ်ရမလဲ ဆိုတာ ဂုဏ်ရည်တို့ ထက် အများကြီးပိုသိပါ တယ်။ ဂုဏ်ရည်အနေနဲ့ကတော့ မြန်မာနိုင်ငံကြီးကို အေးချမ်းတဲ့ နိုင်ငံလေးဖြစ်စေချင်မိတယ်” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာဆိုရင်  လူငယ်တော်တော်များများက  မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်လေး ကို မေ့လျော့လာကြတာကိုလည်းတွေ့လာရပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ နေ့ထူးနေ့မြတ်လေးကို မမေ့သင့် အောင်အတွက် လည်း  Community တစ်ခုခုကနေ အထိမ်းအမှတ်နေ့လေးရောက်တိုင်း အမှတ်တ ရအနေနဲ့ Activity  များကိုလည်း တင်သင့်ကြောင်း အလှမယ်ဂုဏ်ရည်အေးကျော်က ပြောပြခဲ့ပါတယ်။ “သမိုင်းကို လူငယ်တွေကို သိစေချင်တယ်။ သမိုင်းကိုသိမှ လူမျိုးကိုမမေ့မှာ။ အခုတော်တော် များများက သမိုင်းကို မသိကြတော့ဘဲ ခေတ်ရေစီးကြောင်းနောက်က လိုက်နေကြတယ်။ ပြောချင်တာက သမိုင်း မမေ့ရင်ပဲ ကျေးဇူးတင်တဲ့ အနေအထားကို ရောက်နေကြတယ်။ အဲနေ့က ဘာနေ့လဲလို့ ပြန် မမေးရင်ပဲ ကျေးဇူးတင်ရမယ်အနေအထားပဲ။ ဒါပေမဲ့ အခုက Community တစ်ခုရှိနေတော့ အဲဒီနေ့မှာ စာလေးတွေတင်ကြတယ်၊ အထိမ်းအမှတ်နေ့ လေးတွေရောက်တိုင်း အမှတ်တရအ နေနဲ့တင်ကြတာတော့ သဘောကျ ပါတယ်၊ အဲဒီလိုတင်တော့မှပဲ  လိုင်းသုံးနေကြတဲ့ လူငယ်တွေက စာလေးတွေဖတ်ဖြစ်ကြ မယ်လို့ထင်ပါတယ်၊ အရင်တုန်းကဆိုရင်  ဒီလိုနေ့မျိုးဆိုရင် TV  ကနေလာတယ်ပေါ့နော်၊ အခုဆိုရင် Community ကောင်းတဲ့ ခေတ်ဆိုတော့ Community တစ်ခုခုကနေ ပဲဖြစ်ဖြစ် အဲဒီလိုနေ့မျိုးမှာ တင်သင့်တယ် လို့မြင်မိပါတယ်” လို့ ပြောပါတယ်။ တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here