ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တို့ အပေါ် အနုပညာရှင်တို့အမြင်

0
131

စည်သူမောင်

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နိုင်ငံအတွက် မှတ်မှတ်ရရ နေ့ထူး နေ့မြတ်ပဲလို့ ပြောရမယ်။ ဖေဖော် ဝါရီလ ၁၃ ရက်နေ့က ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဗိုလ်ချုပ်အောင် ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့အတွက် ကျွန် တော်တို့ အမြဲတမ်း အမှတ်ရနေ သင့် ပါတယ်။ ဒီ နှစ်ရက်က ကျွန်တော် တို့ အမြဲတမ်းမှတ်ထားရမယ့် နေ့ရက် တွေပါ။ တချို့လူတွေက ဒီလိုနေ့ရက် တွေကို မေ့နေတတ်ကြတယ်။ ဒီလို ဖြစ်တာကလည်း မကောင်းပါဘူး။ အခုအချိန်မှာ မသိတဲ့သူတော့ ရှား သွားပါပြီ။ ဆိုရှယ်မီဒီယာပေါ်မှာ လည်း သိမြင်နေကြတော့ ပြောစရာ မလိုဘူးလို့ ထင်တယ်။

ညီထွဋ်ခေါင်

ဗိုလ်ချုပ်က အသက် ၃၂ နှစ်အရွယ်မှာ နိုင်ငံကို ဦးဆောင် နိုင်တဲ့၊ ပြည်သူကို ဦးဆောင်နိုင်တဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီ။ ဘယ်လောက်တောင်တော်လိုက်မလဲ ဆိုတာမျိုးပေါ့နော်။ ကျွန်တော် တွေးကြည့်တယ်။ မီချင်လိုက်တာလို့။ အဲဒီလိုလူမျိုး ဗိုလ်ချုပ်တို့ခေတ်မှာ ကျွန်တော်လူဖြစ်ချင်တာ။ မြင်ဖူး ချင်လို့။ အပြင်မှာ အရှင်လတ် လတ် ကြီး။ တကယ်တော်ပြီး တကယ် ထက်မြက်တဲ့ပုဂ္ဂိုလ်။ နိုင်ငံကိုချစ်တဲ့ ပုဂ္ဂိုလ်။ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ပေါ့။ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါ တယ်။ ကျွန်တော့်အတွက် ဟီးရိုးပါပဲ။ ဗိုလ်ချုပ်မွေးနေ့မှာ သက်ရှိထင်ရှားရှိ နေမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ဗိုလ်ချုပ်မွေးနေ့ကို အရင်တုန်းက ဆိုရင် ကျွန်တော်တို့က တခုတ်တရနဲ့ ခမ်းခမ်းနားနားကျင်းပခွင့်မရခဲ့ဘူး။ အခုနောက်ပိုင်းဆိုရင် တခမ်းတနား ကျင်းပခွင့်ရတဲ့အတွက် အရမ်းလည်း ဝမ်းသာပါတယ်။ အများကြီးလည်း ဂုဏ်ယူပါတယ်။ ဗိုလ်ချုပ်မွေးနေ့မှာ ကျွန်တော်တို့က တစ်ထောင့်တစ်နေ ရာကနေ ဝင်ပြီးတော့ အားဖြည့်မှာ ပါခင်ဗျ။

ထားထက်ထက်

ဒီနေ့ကတော့ လူတိုင်းမမေ့ သင့်တဲ့နေ့ပါ။အကုန်လုံးက သတိတရနဲ့တော့ရှိစေချင်တယ်။ဒီနေ့ကို ကိုယ့်ရဲ့မျိုးဆက်သစ်လေးတွေကို လည်း ဒီနေ့ကို ဘယ်လိုနေ့ထူးနေ့ မြတ်လေးဖြစ်တယ်။လုံးဝမမေ့သင့် တဲ့နေ့လေး။ ပြီးတော့ ဒီနေ့နဲ့တစ် ဆက်တည်း ဖြစ်တဲ့ ၁၃ ရက်နေ့ဟာ ဆိုရင်လည်း ဗိုလ်ချုပ်ရဲ့မွေးနေ့ ဖြစ် တယ်။ ၁၃ ရက်နေ့ဟာလုံးဝကို မမေ့ သင့်တဲ့ရက်ပါ။ ဒါက အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တယ် ဆို တာ ကလေးတွေကို သေချာလေး ပြောပြပေးရမယ်။ ဒီနေ့ဟာ မမေ့ မလျော့သင့်တဲ့နေ့ဆိုတာ ပြန်ပြီှး့မေငညါ လုပ်သင့်တယ်။ပြည် ထောင်စုနေ့ကစပြီး အားလုံး စိတ် ချမ်းသာကိုယ်ကျန်းမာနဲ့ တိုင်းရင်း သား အားလုံးစည်းစည်းလုံးလုံးညီညီ ညွှတ်ညွှတ်ရှိစေချင်တယ်။တချို့နေ ရာတွေမှာဆို မငြိမ်းချမ်း သေးတာ တွေရှိတယ်။ အဲဒါမျိုးတွေ ဖြစ်နေ တာတွေမြင်ရင် နိုင်ငံသား တစ် ယောက်အနေနဲ့ ရင်ထဲမကောင်း ဘူး။ စိတ်ဆင်းရဲရတယ်။ အချင်း အချင်း ကိုယ့်ရဲ့မိသားစုတွေလို အား လုံးချစ်ချစ်ခင်ခင်နဲ့ ညီညီ ညွှတ် ညွှတ်နဲ့နေစေချင်တယ်။ လူမျိုး တွေ ဘာတွေမခွဲခြားဘဲ တိုင်းရင်းသား အားလုံးစည်းစည်းလုံးလုံးနဲ့ ပျော် ပျော်ရွှင်ရွှင်နေသွားစေချင်ပါတယ်။

ပန်းသော်တာ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေက မြန်မာတို့အတွက် တကယ့် အမှတ်ရစရာနေ့လေးတွေ ပါ။ အရင်တုန်းက ဆိုရင် ပြည်ထောင် စုနေ့၊ ဗိုလ်ချုပ်မွေးနေ့တွေကို မသိ တဲ့သူတွေ ရှိကြတယ်။ ဒါပေမဲ့ အခု ချိန်မှာတော့ ပြောစရာမလို အောင် သိမြင်လာကြတယ်။ လူငယ် တွေ အနေနဲ့လည်း ဒီလိုနေ့တွေကို မှတ်မိ ဖို့လိုတယ်။ ၁၂ ရက်နေ့ကလည်း ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ပြည် ထောင်စုတိုင်းရင်းသားတွေ စည်း စည်းလုံးလုံး နေထိုင်ကြတာကို အလွန်ပျော်မိတယ်။ တိုင်းရင်း သား တွေမှ မဟုတ်ပါဘူး။ လူတွေ အချင်း ချင်း ရိုင်းပင်းကြပြီး နေထိုင်တာ အကောင်းဆုံးပါပဲ။

ဖူးပွင့်သခင်

ညီမ ဖေဖော်ဝါရီလ ၁၂ ရက် နေ့၊ ၁၃ ရက်နေ့တွေအတွက် ညီမ တတ်နိုင်တဲ့ဘက်က ကူညီပေးတာ တွေ ရှိပါတယ်။ ၁၂ ရက်နေ့ဆိုတာ ကလည်း ပြည်ထောင်စုနေ့ဖြစ်တယ်။ ကိုယ့်တိုင်းပြည်ကြီးကို လွတ်လွတ်လပ် လပ်နဲ့ ချစ်ခင်စွာနေထိုင်ဖို့အတွက် သူရဲကောင်းတွေက ကြိုးစားပေးခဲ့ တယ်။ ဒီလိုနေ့လေးတွေကို ပရိသတ် တွေအနေနဲ့ မမေ့သင့်ဘူးလို့ ထင်ပါ တယ်။ လူဆိုတာက မေ့တတ်ပါတယ်။ ဒါပေမဲ့ မသိတာကတော့ မဖြစ်သင့် ဘူးလို့ ညီမထင်တယ်။ ပြီးတော့ ဖေ ဖော်ဝါရီလ ၁၃ ရက်နေ့ဆိုတာ တိုင်း ပြည်ကြီူးကို အသက်စွန့်ကြိုးပမ်းပေး ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြီးရဲ့ မွေးနေ့ ဖြစ်တယ်။ ဒီနေ့တွေကို ညီမတို့ ငယ်ငယ်လေးကတည်းက သင်ထားရ သိထားရတဲ့ နေ့ရက်တွေပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here