သဘင့်အရေး ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြတဲ့ သဘင်ညီလာခံ အကြိုအစည်းအဝေး

0
200

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (ဗဟို) နာယကကြီးများ၊ အလုပ်အမှုဆောင်အဖွဲ့၊ ကော်မတီအလွှာအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အမှုဆောင်များ အစည်းအဝေးကို ဆရာစံပလာဇာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးနန်းဝင်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးကတော့ မတ်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ပြုလုပ်မယ့် သဘင်ညီလာခံကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သဘင်လောကသား များက ပွင့်လင်းမြင်သာစွာ သဘင်အတွက် လိုအပ်ချက်များနဲ့ မိမိတို့ နားမလည်တဲ့ အချက်အလက်များကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ဆိုင်းပညာရှင် ဦးစိန်မွတ္တားကလည်း အခုလိုပြောပြလာပါတယ်။

”ဒီနေ့ သဘင်ညီလာခံအကြိုအစည်းအဝေးတက်ရောက်ခဲ့ပါတယ်။ နာယကကြီးများ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းနဲ့ပြည်နယ် ဥက္ကဋ္ဌ အတွင်းရေးမှူးများ စုံညီစွာတက်ရောက်တဲ့အတွက် အစည်းအဝေး အထ မြောက်ပါတယ်။ သဘင်ရှေ့ရေးအတွက် ဝမ်းသာစရာရလဒ်ကောင်းများ ရရှိခဲ့ပါတယ်။ သဘောထားကွဲလွဲမှု၊ အဖုအထစ်များ၊ အက်ကြောင်းများ သံသယများကို ပွင့်လင်းစွာဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။ အထူးသဖြင့် ဆိုင်းပြဿနာများကို အဓိကထားပြီး ဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ နာယကများနှင့် ညှိနှိုင်းအောင်မြင်မှု လမ်းစများတွေ့ ရှိခဲ့ကြပါတယ်။ အားလုံးဆန္ဒအရ သဘင်ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရေးအတွက် တစ်သွေးတည်းတစ်သားတည်း တစ်ဖွဲ့တည်းစည်းစည်းလုံးလုံး လက်တွဲ ကြဖို့ သဘောတူညီမှု အလင်းရောင်သန်းခဲ့ပါပြီ။ ဒုတိယအကြိမ် မျက်နှာ စုံညီ တွေ့ဆုံပွဲမှာ တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်သဘောထားကြီးစွာ သဘင်မျက်နှာကိုပဲ ကြည့်ကြတော့ပါမယ်။ ဒီနေ့ဟာ အားလုံးမင်္ဂလာ ပြည့်ဝတဲ့နေ့ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here