ဘယ်လောက်ပဲ အဆင်မပြေမှုတွေ ဖြစ်ဖြစ် အနုပညာ အလုပ်တွေကို ပိုလုပ်သွားမယ် ရွှေပိုးအိမ်

0
305

သရုပ်ဆောင် ရွှေပိုးအိမ်က အနုပညာကို ချစ်မြတ်နိုးတဲ့အတွက် ဘယ်လိုအခက်အခဲတွေပဲရှိရှိ အနုပညာအလုပ်တွေကို ဆက်လုပ် သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ တစ်ခါတလေမှာ စိတ်ဓာတ်ကျ သွားတာမျိုး တွေရှိပေမယ့် အနုပညာအလုပ်ကိုတော့ စွန့်လွှတ်သွားမှာ မဟုတ် ကြောင်းကို ရွှေပိုးအိမ်က…

”အနုပညာအလုပ်ကို ညီမတကယ်ချစ်တယ်။ ဒီအလုပ်နဲ့ ပတ်သက်လာရင် အခက်အခဲမှန် သမျှ၊ ဘယ်လောက်ပဲ အတားအဆီး ပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အဆင်မပြေမှုတွေပဲဖြစ်ဖြစ်၊ ဒီအလုပ် ပေါ်မှာ ပိုချစ်သွားမယ်။ ပိုလုပ်သွားမယ်။ ဘယ်အလုပ်ကိုမဆို ကိုယ်အလုပ် လုပ်တဲ့အချိန်၊ အခက်အခဲဖြစ် တဲ့အချိန်၊ အဆင်မပြေ တာဖြစ်တဲ့အချိန်ဆို လူတိုင်းကတော့ စိတ်ဓာတ်ကျသွားတာမျိုး၊ ဒီအလုပ် ကိုဆက်မလုပ်ချင်တာမျိုး၊ ဖြစ်တတ် ပါတယ်။ ညီမလည်း အဲဒီလိုစိတ်မျိုး ခဏခဏဖြစ်တယ်။ ဒီအလုပ်ပေါ်မှာ ညီမဘယ် လောက်ချစ်သလဲ။ ညီမဒီအလုပ်အပေါ်မှာ ဖြတ်သန်းခဲ့ ရတဲ့အချိန်က သူများတွေလိုမျိုး လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းခဲ့ရတာမဟုတ်ဘူး။ တကယ်ကို အောက် ခြေကကြိုးစားခဲ့ရတာဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီအလုပ်မှာ အခက်အခဲတွေပိုဖြစ်လေလေ၊ စိတ် ဓာတ်ပိုကျလေလေဒီအလုပ်ကို ပြန်တွေး ကြည့်တိုင်း ဒီအလုပ်ကိုပိုချစ်တယ်။ ဒီအလုပ်ကို ပိုပြီး ဆက်လုပ်ဖို့အတွက် အားအင်တွေ ပိုမွေး တယ်” လို့ပြောပါတယ်။ အခုလက်ရှိမှာ တော့ နာမည်ကြီးသရုပ်ဆောင်တစ် ယောက်မဟုတ် တဲ့အတွက် ကာရိုက်တာတွေကို အများကြီးရွေး ချယ်ပိုင်ခွင့်မရှိဘဲ လာကမ်းလှမ်းတဲ့ ကာရိုက် တာတွေအပေါ်မှာပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင်မယ်ဆို တဲ့စိတ်နဲ့ သရုပ်ဆောင် ဖြစ်ကြောင်းပြောပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲမှာတော့ မြင့်မြတ်ကိုလည်း အကယ်ဒမီရစေချင်သလို၊ ရင်ဘတ်ထဲက ဓား ရုပ်ရှင် ဇာတ်ကားနဲ့ အိâန္ဒာကျော်ဇင်ကိုလည်း အကယ်ဒမီရစေ ချင်တယ်လို့ဆိုပြီး ဇာတ်ပို့အနေနဲ့ ဦးဟိန်းမင်းလည်း အကယ်ဒမီရမယ်လို့ ကြားနေကြောင်း ပြောပါတယ်။ အကယ်ဒမီဆိုတာကို အနုပညာသမားတိုင်း မက်မော ကြတာမို့ သူ့အနေနဲ့လည်း တစ်ချိန်ချိန်မှာတော့ရ ရှိအောင်ကြိုးစားသွားမှာပါဆိုတဲ့ ရွှေပိုးအိမ်က…

”အကယ်ဒမီဆိုတာ အနုပညာသမားတွေ အတွက်ပန်းတိုင်လေးတစ်ခုပေါ့။ အကုန်လုံးက လိုချင်ကြတာပါ။ ညီမအနေနဲ့လည်း ရချင်တာပေါ့။ ဒါပေမဲ့ ကြိုးစားရပါဦးမယ်။ ပြင်ဆင်စရာရှိတာလည်း အများကြီးရှိသေးတယ်။ လိုအပ်ချက်တွေလည်း အများကြီးရှိသေးတယ်။ တစ်ချိန်ချိန်တော့ ရအောင် ကြိုးစားမှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here