ရှေးခေတ် ရုပ်ရှင်ကားတွေ ပြန်လည် ကြည့်ရှုရမယ့် နန်းမြိုင်ဟိုတယ် နှစ်တစ်ရာပြည့် ပွဲတော်

0
281

ကိုလိုနီခေတ် (၁၉၁၈) ခုနှစ်က တည်ဆောက်ခဲ့တဲ့ ပြင်ဦးလွင်မြို့၊ နန်းမြိုင်လမ်းပေါ်မှာရှိတဲ့ နန်းမြိုင် ဟိုတယ် အဆောက်အဦကတော့ ဒီနှစ်မှာ နှစ်တစ်ရာပြည့်ခဲ့ပြီ ဖြစ်ပါ တယ်။ လက်ရှိ နန်းမြိုင်ဟိုတယ်အဖြစ် ဖွင့်လှစ်ထားတဲ့ ဒီအဆောက်အဦမှာ ကိုလိုနီခေတ်မှဘုရင်ခံချူပ်က ဧည့် သည်တော်များ တည်းခိုရန် ဆောက် လုပ်ခဲ့ ခြင်းဖြစ်ပြီးယနေ့ထိတိုင်ခေတ် မှီလှပနေဆဲလည်း ဖြစ်ပါတယ်။ အစိုးရပိုင်အဆောက်အဦတစ်ခု ဖြစ် ပြီး ဟိုတယ်လုပ်ငန်းကို တင်ဒါစနစ် နဲ့ ငှားရမ်းလုပ်ကိုင် နေကြ ခြင်းလည်း ဖြစ်ပါတယ်။ နန်း မြိုင် ဟိုတယ်ရဲ့ နှစ် တစ်ရာပြည့် အထိမ်း အမှတ်ပွဲကို တေးဂီတဖျော် ဖြေပွဲများ၊ အငြိမ့်၊ မြေဝိုင်းဇာတ်၊ ပန်းချီပန်းပုပြိုင်ပွဲ များ၊ ဓာတ်ပုံ ပြိုင်ပွဲများ၊ ဈေးရောင်း ပွဲတော်များ၊ မောင်မယ်အလှပြိုင်ပွဲ၊ ရိုးရာအား ကစားပြိုင်ပွဲများနဲ့ သုတ၊ ရသ၊ ဗဟုသုတ ဖြစ်စေမယ့်ပွဲများ လည်းပါဝင်မှာဖြစ်ကြောင်း သိရပါ တယ်။

ဒီပွဲကျင်းပရခြင်းရဲ့ ရည်ရွယ် ချက်မှာ နန်းမြိုင်ဟိုတယ်ကို ခေတ် လူငယ်များနဲ့ နိုင်ငံခြားသား ဧည့် သည်များပိုမိုသိရှိလာကြရန်၊ ကျောင်းသားလူငယ်များ ဗဟုသုတ ရှာနိုင်ရန်နဲ့ မြန်မာ့ခရီး သွားလုပ်ငန်း ပိုမိုတိုးတက်လာစေ ရန် ရည်ရွယ်ခြင်း လည်း ဖြစ်ပါတယ်။

အဆိုပါ နန်းမြိုင်ဟိုတယ် နှစ် တစ်ရာပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ မယ့် ကိစ္စနဲ့ပတ်သက်ပြီး နန်း မြိုင် ဟိုတယ်ရဲ့ Managing Director တစ်ဦးဖြစ်တဲ့ ဦးဌေးအောင်က…

”ကျွန်တော်တို့ ဒီနန်းမြိုင်ဟို တယ်နှစ်တစ်ရာပြည့်ပွဲကို အထူးသ ဖြင့် သောကြာ၊ စနေ၊ တနင်္ဂနွေလို နေ့မျိုးတွေမှာအပတ်စဉ် ဖျော်ဖြေ ရေးအစီအစဉ်တွေကို မရိုးရအောင် လုပ်ဆောင်သွားပါမယ်။ နှစ်တစ်ရာ ပြည့်ပွဲလည်း လုပ်တာဆို တော့ ရှေးခေတ်ရုပ်ရှင်ဇာတ်ကား တွေ လည်း ပြသပေးသွားဖို့ရှိပါတယ်။ ပိုပြီးတော့လည်း အဓိပ္ပာယ်ရှိသွား ပါတယ်” လို့ပြောပြခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲ တက် ရောက်လာတဲ့သရုပ်ဆောင် အကယ် ဒမီလူမင်းကလည်း ”နန်းမြိုင် ဟိုတယ် နှစ်တစ်ရာပြည့်ပြီဆိုတော့
နောက်ထပ်လည်း နှစ်ပေါင်းများစွာ တည့်တံ့ပါစေ။ အရင်တုန်းကလည်း ကျွန်တော်နန်းမြိုင်ဟိုတယ်မှာလာ တည်း ပြီးရုပ်ရှင်တွေလာရိုက်ဖူးပါ တယ်။ ခုခေတ်က ခရီးတွေသွားရင် မိသားစု လိုက်၊ သူငယ်ချင်းတွေ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြတယ်။ ခရီးသွားရင် ဓာတ်ပုံရိုက်တာကလည်း လူတွေအဓိကလုပ်တဲ့အရာ တစ်ခု ဖြစ်တယ်။ အဲ့ဒီတော့ ဒီနန်းမြိုင် ဟို တယ်က ဓာတ်ပုံ ရိုက်ဖို့ ပိုအဆင်ပြေ တဲ့ နေရာတစ်ခုလည်းဖြစ်တယ်။

နှစ်တစ်ရာပြည့် ပွဲကိုလည်း နှစ် တစ်ရာပြည့်အကြောင်းအရာတွေ ကိုက်ညီပြီးပြုလုပ်သွားမယ်ဆိုရင် ဒီနန်းမြိုင်ဟိုတယ်ကတော့ မြန်မာနိုင် ငံရဲ့ပေါ်ပြူလာ အဖြစ်ဆုံးအကြောင်း အရာတွေထဲ တစ်ခုဖြစ်လာပါလိမ့် မယ်” လို့ပြောပြခဲ့ပါတယ်။ဒီပွဲကို မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃ဝ ရက်နေ့အထိ နှစ်လတိုင်တိုင် ကျင်းပ ပြုလုပ်သွား မှာဖြစ်ပါတယ်။ နန်းမြိုင် ဟိုတယ်ဟာပြင်ဦးလွင်မြို့ရဲ့နာမည် ကြီး အဆောက်အဦများဖြစ်ကြတဲ့ ချယ်ရီ မြိုင်၊ သီရီမြိုင်၊ မဲဇာမြိုင်၊ ဂန္ဓမာမြိုင်၊ ဟေမာမြိုင်၊ နှင်းဆီမြိုင်၊ သစ္စာမြိုင် စတဲ့အဆောက်အဦများ ထဲမှာ တစ်ခုအပါအဝင်လည်းဖြစ်ပါ တယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here