၂ဝ၁၈ ခုနှစ်ထဲမှာ Music Video ထွက်ရှိမယ့် မင်းသွေး

0
269

သရုပ်ဆောင်မင်းသွေးဟာ သူသရုပ်ဆောင်ထားတဲ့ ‘သတ်ကွင်း’ ဆိုတဲ့ ဇာတ်ကားကြီး ရုံတင်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ သတ်ကွင်းဇာတ်ကားကြီး ရုံတင်ဖို့အတွက် ကြိုးစား နေသလို ဒီရုပ်ရှင်ဇာတ်ကားကြီးအတွက်လည်း ရင်ခုန်နေတယ်ဆိုတဲ့ မင်းသွေးက”ကျွန်တော်အကောင်းဆုံးသရုပ်ဆောင်ထားတဲ့ သတ်ကွင်း ဇာတ်ကားလေးရုံတင်ဖို့ကြိုးစားနေတယ်။ အဲဒီထဲမှာလည်း ကျွန်တော် တအားကြိုးစားထားတယ်။ ကျွန်တော်မှမဟုတ်ပါဘူး အကုန်လုံး သူ့နေရာနဲ့သူကြိုးစားထားတယ်။ အဲဒီအတွက် ကျွန် တော့်ဇာတ်ကားလေး ရုံတင်ချင်ပြီ။ ရုံတင်မယ်လို့သာ ပြောတာ ရုံတင်ရင်လည်း ရင်ခုန်ရတော့မယ်။ အဲဒီခံ စားချက်ကလည်း ဘယ်အရာနဲ့မှမတူဘူး။ အဲဒီ အတွက် အကုန်လုံးအတွက် ကြိုတင်ပြင်ဆင်နေတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်ပိုင်းကို ဝါသနာပါတဲ့အပြင် အဆို ပိုင်းကိုလည်း ဝါသနာပါတဲ့မင်းသွေးဟာ ဒီ ၂ဝ၁၈ ခုနှစ်ထဲ သူ့ရဲ့ Music Video ထွက်ရှိဖို့ပြင်ဆင် နေပုံကိုလည်း မင်းသွေးက . . .

”ကျွန်တော်ကအနုပညာဆိုရင် အကုန်ချစ်တယ်။ အခုဆိုလည်း ကျွန်တော်သရုပ်ဆောင်ပိုင်းမဟုတ် ဘဲ အဆိုဘက်ပါ သွားနေတယ်။ တချို့ ဝေဖန်မှုတွေ ရှိပေမယ့် ကိုယ်ကြိုက်နှစ်သက်တဲ့အနုပညာအလုပ်ကို ဘယ်သူတွေဘာပြောပြော အကောင်းဆုံးကြိုးစား လုပ်သွား မယ်”လို့ ပြောပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း အစ်ကိုဖြစ်သူ နေတိုးအ တွက် အကယ်ဒမီရစေချင်တယ်ဆိုတဲ့မင်းသွေးက”အကယ် ဒမီပွဲကို ကျွန်တော်တက်ဖြစ်မှာပါ။ ဒီနှစ်ကတော့ အကုန်လုံး က ရင်ခုန်ဖို့ကောင်းပါတယ်။ ဇာတ်ကားတွေက လည်း အကုန်ကောင်းနေတော့ အကုန်လုံးကို ရစေချင်တယ်။ အစ်ကို့ကိုလည်းရစေချင်တယ်”လို့ ပြောပါတယ်။ လတ်တလော မှာတော့ မင်းသွေးဟာ မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here