ဘဝကို လူပျိုကြီး အနေနဲ့ပဲ ဖြတ်သန်းချင်သူ ဟိန်းဝေယံ

0
213

ဟိန်းဝေယံက သူ့ရဲ့ fan များနဲ့ ဖွဲ့စည်းထားတဲ့ ‘ငွေကြယ်ပွင့် ဟိန်းဝေယံ ပရဟိတ’အဖွဲ့နဲ့အတူ  ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ကျိုက်ဝိုင်း မသန်စွမ်း ကလေးများ စောင့်ရှောက်ရေးဂေဟာမှာ နံနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ဖြည့်စွက်စာများနဲ့အတူ စောင်များ၊ အခြားပစ္စည်း များလည်း လှူဒါန်းခဲ့ပါတယ်။ အလှူလှူဖြစ်ပုံနဲ့ ပတ် သက်ပြီး ဟိန်းဝေယံက…

“အစ်ကို့ပရိသတ်တွေနဲ့ အတူတူလှူခဲ့ရတဲ့ အတွက် တအားပျော်ပါတယ်။ အဓိကကတော့ စိတ် တူကိုယ်တူနဲ့အလှူလုပ်ဖြစ်ခဲ့တာပါ။ တအားလည်း ဝမ်းသာပါတယ်၊ နောက်တစ်ခုက အဲဒီကျောင်းက ကလေးတွေကိုတွေ့တဲ့ အခါမှာ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ သူတို့လေးတွေက တကယ်ကို မသန်စွမ်းတဲ့ ရောဂါကိုခံစားနေ ရတာဆိုတော့ စိတ်မကောင်းဖြစ်မိ တယ်” လို့ပြော ပါတယ်။ ချစ်သူမရှိသေးကြောင်းဖွင့်ဟလာတဲ့ ဟိန်းဝေ ယံက အခုလာမယ့် ဖေဖော်ဝါရီလ ၁၄ရက်နေ့ ချစ်သူများနေ့ကိုတော့ အိမ်မှာပဲ နေဖြစ်မှာဖြစ် ကြောင်းပြောပါတယ်။အခုလောလော ဆယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးဘဲ၊ လူပျိုကြီး တစ် ယောက် အနေနဲ့ပဲ ဘဝကိုဖြတ်သန်းချင်မိကြောင်း ဟိန်း ဝေယံ ကပြောပါတယ်။ “ချစ်သူများနေ့မှာ အိမ်မှာပဲ အစ်ကိုရှိမှာပါ။ ဘယ်မှသွားဖို့ အစီအစဉ်မရှိဘူး။ အစ်ကို့မှာ ချစ်သူမရှိပါဘူး။ အစ်ကိုလောလော ဆယ်အချိန်ထိကိုတော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စဉ်းစား ထားတာမရှိသေးပါဘူး။ အစ်ကိုအမှန်အတိုင်း ပြောရရင် လူပျိုကြီးအနေနဲ့ပဲ ဘဝကိုဖြတ်သန်းချင်တယ်။ ဘဝကို တစ် ယောက်တည်း လွတ်လွတ်လပ်လပ်လေးနဲ့ အေးအေးဆေးဆေး လေးနဲ့ ပရဟိတလေးတွေလုပ်သွားရင်းနဲ့ လူပျိုကြီး အနေနဲ့ ဖြတ်သန်းချင်တယ်။ ဒါပေမဲ့လည်းလူ့ကံဆိုတာပြောလို့ မရဘူး။ စကားကို အကုန်မပြောဘူး။ အိမ်ထောင်လည်း ပြုဖြစ်ချင်လည်း ပြုဖြစ်သွားမယ်၊ မပြုဖြစ်ရင်လည်း မပြုဖြစ်ဘူး။ ဒါပေမဲ့ အစ်ကို့ စိတ်ကူးကလူပျိုကြီးအနေနဲ့ပဲ ဘဝကိုဖြတ်သန်းချင်တယ်” လို့ ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here