ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကား ရဲ့ ဝေဖန်မှု တချို့အပေါ် သရုပ်ဆောင် ထွန်းထွန်း ရဲ့အမြင်

0
258

သရုပ်ဆောင်ထွန်းထွန်းကတော့ လတ်တလောမှာ ဒါရိုက်တာမီးပွားရိုက်ကူးတဲ့ ‘ကြာတော့သည်လည်း မောင့်စကား’ ရုပ်ရှင်ဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး စတဲ့သရုပ်ဆောင်များနဲ့အတူပါဝင်သရုပ်ဆောင်နေပါတယ်။ ဒါရိုက်တာ မီးပွားနဲ့မဆုံဖြစ်တာကြာပြီဖြစ်တဲ့သူက သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေးတို့နဲ့အတူ ရိုက်ခွင့်ရတဲ့အတွက် ဝမ်းသာမိကြောင်းကိုလည်း . . .

”ကျွန်တာ် ဒီဇာတ်ကားကိုရိုက်ကူးဖို့ ဇာတ်ညွန်းဖတ်လိုက်တဲ့အချိန်မှာ ကိုယ်နဲ့ လည်းလိုက်ဖက်တယ်လို့ထင်တယ်။ ဦးမီးပွားနဲ့လည်း မဆုံဖြစ်တာကြာပြီဆိုတော့ သူနဲ့လည်း အလုပ်တွဲလုပ်ခွင့်ရတယ်။ သရုပ်ဆောင်တွေကလည် ဖွေးဖွေးအပြင် ကိုစိုင်းနဲ့လည်းရိုက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က ဖြိုးကျော်နေရာက သရုပ်ဆောင်မှာပါ။ ဦးမီးပွားလိုချင်တဲ့ဖြိုးကျော်ဖြစ်အောင်လို့ အဝတ်အစားပိုင်းကအစ သေချာလေးပြင်ဆင်ပြီးတော့ ရိုက်ကူးနေပါတယ်။ ဝတ္ထုထဲက ဇာတ်ကောင်အတိုင်းအတိအကျဆိုတာထက် ဒါရိုက်ဦးမီးပွားမျက်စိထဲမှာ မြင်ထားတဲ့ ဇာတ်ကောင်ကို ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

‘ကြာတော့သည်လည်း မောင့်စကား’ ဇာတ်လမ်းမှာ စာရေးဆရာမ ဂျူးရဲ့နာမည်ကျော်ဝတ္ထုတစ်ပုဒ်လည်းဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဝန်း ကျင်လောက်က ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ စတဲ့သရုပ်ဆောင် များနဲ့အတူ ဒါရိုက်တာအောင်မြင့်မြတ်ကလည်း ဒီဝတ္ထုကို ရုပ်ရှင် အဖြစ်ပုံဖော်ခဲ့ပြီး ပရိသတ်ကြိုက်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ လက်ရှိ ပြန်လည်ရိုက်ကူးကြတဲ့အခါမှာတော့ ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ ဝေဖန်မှုတွေနဲ့ပတ် သက်ပြီး ဒီဝတ္ထုကိုချစ်တဲ့သူတွေအားလုံးကတော့ အမြင်တစ်မျိုး စီရှိကြမှာပါလို့ ပြောလာတဲ့ သရုပ်ဆောင်ထွန်းထွန်းက . . .

”ရှေ့ကရိုက်ခဲ့ကြတဲ့ ဇာတ်ကားကိုတော့ မကြည်ဖူးပါဘူး။ မမှီ လိုက်ဘူးပေါ့။ ဝေဖန်မှုတွေရှိနေတဲ့အတွက် တာဝန်ကြီးတယ်ဆိုပြီး တော့လည်း သိပ်မတွေးဖြစ်ပါဘူး။ ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံးလုပ်မယ်။ ဥညူငညန လည်း နောက်ပိုင်း သိပ်မသုံးဖြစ်တော့ ပါဘူး။ အဲ့လိုတွေရေးထားကြတာတွေတော့သိပါတယ်။ ဒါပေမဲ့ စိုးရိမ် လို့ရေးထားကြတာလို့ပဲမြင်ပါတယ်။ ဒီဝတ္ထုကိုချစ်တဲ့သူတိုင်းကတော့ အမြင်တစ်မျိုးစီရှိကြမှာပါ။ ကိုယ်တိုင်လည်း ကြိုးစားနိုင်မယ်ထင်လို့ လက်ခံခဲ့တာပါ။” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here