ဗေဒင်ဆရာ အောင်ချစ်ပို ကို စမ်းချောင်းမြို့မ ရဲစခန်းမှာ ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခဲ့တဲ့ ဒိန်းပိုပိုဒေါင်

0
128

ဗေဒင်ဆရာအောင်ချစ်ပိုကို သရုပ်ဆောင်ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်က ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ်က စမ်းချောင်းမြို့မရဲစခန်းမှာ ပုဒ်မ ၃၅၄ (အမျိုးသမီးအပေါ် ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု ကျူးလွန်ခြင်း) ၊ ပုဒ်မ၅ဝ၉ (အမျိုးသမီးအပေါ် ကာယိနြေ္ဒပျက်စီးရန် ရည်ရွယ်ပြီး စကား(သို့) ကိုယ်အမူအရာ ပြုလုပ်မှု) တို့နဲ့ အမှုဖွင့်တိုင် ကြားလိုက်ပြီး တိုင်ကြားခြင်းကို စမ်းချောင်းမြို့မရဲစခန်းက လက်ခံကာ ပ ၅၄/ ၂ဝ၁၈ ရာဇ သတ်ကြီးပုဒ်မ ၃၅၄/ ၅ဝ၆တို့နဲ့ အမှုဖွင့်ပေးခဲ့ပါတယ်။

ဒိန်းပိုပိုဒေါင် အပါအဝင် လူသုံးဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒီလိုစွဲဆိုခဲ့ရခြင်းနဲ့ပတ်သက်ပြီးလည်း ဒိန်းပိုပိုဒေါင်က …

“အခုလာတိုင်တာက မိန်းကလေးအားလုံး ၈ ယောက်ပါ။ တကယ်တမ်း တိုင်တာကတော့ ပိုပိုရယ်၊ မကေခိုင်ရယ်၊ အစ်ကိုတစ်ယောက်ရယ် သုံးယောက်ပါရှင့်။ ကျန်တဲ့လူတွေကတော့ သက်သေအနေနဲ့ လာရောက်ပေးပါတယ်။ မိန်းကလေးအားလုံးက တစ်ယောက်တစ်မှုနဲ့ စွဲတာမျိုးမဟုတ်ဘဲ ပုဒ်မနှစ်ခုနဲ့စွဲခဲ့တယ်။ ဗေဒင်ဆရာ အောင်ချစ်ပိုကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးစေချင်ပါတယ်။ သူပြုလုပ်ခဲ့တဲ့ မိန်းကလေးတွေက ရှက်လို့ဖြစ်စေ မိသားစု ကြောင့်ဖြစ်စေ မပါလာတာတွေလည်း ရှိပါတယ်။ တခြားသူတွေ ဘယ်လောက်တောင် ခံခဲ့ရလဲမသိဘူး။ ညီမကိုယ်တိုင်တောင်မှပဲ လွန်ခဲ့တဲ့ ခြောက်နှစ်ကဖြစ်တဲ့အတွက် သူလုပ်စားလာတာ ဘယ်နှနှစ်လောက်ရှိပြီလဲတောင် မသိဘူး”လို့ ပြောပြပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here