ပထမဦးဆုံးရင်သွေးလေးမို့သားလေး လိုချင်ကြောင်းဖွင့်ဟလာတဲ့ မြင့်မြတ်

0
332

 

မြင့်မြတ်က မကြာခင်ရုံတင်ပြသတော့မယ့် ‘ကောလိပ်ဂျပိုး’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ခင်လှိုင် ၊ ၀တ်မှုန်ရွှေရည် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကားကြီးကတော့ ဟာသဇာတ်လမ်းလေးဖြစ်ပြီး ၊ အညာသား ကျေင်းသား တစ်ယောက်အဖြစ် မြင့်မြတ်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားနဲ့ ပတ်သက်ပြီးမြင့်မြတ်က….

” ဒီဇာတ်ကားမှာ ကျွန်တော်ကာရိုက်တာက ကော်လိပ်ဂျင်း နေ၀င်းပုံစံမျိုးလိုဖြစ်နေတာပေါ့။ ဇာတ်ကလည်း အရင်ကဇာတ်ပါပဲ။အဲဒီဘက် ခေတ်ပုံစံမျိုးကို မွမ်းမံထားတာပါ။အညာသားစတိုင်ပေါ့။ရိုက်ကူးတဲ့ အချိန်တုန်းကလည်း အားလုံးတိုင်တိုင်ပင်ပင်နဲ့ ရိုက်ကူးထားကြတယ်။ပလော့တွေကအစ အားလုံးဝိုင်းစဉ်းစားပြီး ရိုက်ကူးခဲ့တာပါ” လို့ပြောပါတယ်။မြင့်မြတ် နဲ့ ဇနီး မခင်သူအောင်ကတော့ ကိုယ်ဝန် ၂လရှိနေပြီဖြစ်ပါတယ်။ မကြာခင်မှာ ဖခင်တစ်ယောက်ဖြစ်တော့မယ့် မြင့်မြတ်က ပထမဦးဆုံး ရင်သွေးကိုတော့ သားဦးလေးလိုချင်ကြောင်းဖွင့်ဟလာခဲ့ပါတယ်။

“ကျွန်တော်ရင်ခုန်နေပါတယ်။အခုလောလောဆယ်ကတော့ ကိုယ်ဝန် ၂လ ပဲရှိသေးတော့ နုသေးတာပေါ့။၃ လ ၄လ လောက်မှဘာလေး ဖြစ်လာမလဲဆိုတာ သိရမှာဆိုတော့ ကျွန်တော် တော်တော်ရင်ခုန် နေပါတယ်။ ကျွန်တော်က ယောက်ျားလေးလိုချင်တယ်။ဒါပေမယ့် ဘာရရပါ။ ကိုယ့်ကလေးပဲလေ။မကြာခင်မှာ ကျွန်တော် အဖေဖြစ်တော့မယ်။ကိုယ်ဝန် လရင့်လာရင် ကျွန်တော် နယ်တွေဘာတွေ သွားလို့ရှိရင် သူလိုက်လို့မရတော့ဘူးပေါ့။အခုချိန်က ကိုယ်ဝန်နုသေးလို့ထင်တယ် အန်ပဲအန်နေတာ။ကျွန်တော် စဉ်းစားထားတာက ကလေး၂ယောက်ယူမယ်လို့စဉ်းစားထားပါတယ်။ကလေးမွေးလာရင် ကျွန်တော့်ကလေးပုံကို တက်တူးထိုးသွားမှာပါ၊သူ့ပုံတက်တူး ထိုးဖို့အခုနေရာချန်ထားပါတယ်” ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here