အလှမယ်ထဲမှာ နန်းခင်ဇေယျာကိုလေးစားအားကျတယ် ခင်ဝင့်ဝါ

0
357

အလှမယ်အဖြစ် အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါဟာ သူလျှောက်လှမ်းခဲ့တဲ့ အလှမယ် သက်တမ်း အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အလှမယ်နန်းခင်ဇေယျာဟာ သူမအတွက် အားကျရတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်လို့ ခင်ဝင့်ဝါက ပြောခဲ့ပါတယ်။

“Miss ထဲမှာကတော့ အကုန်လုံးကို သဘောကျတယ်။ အဲဒီထဲမှာ မှ မနန်းခင်ကတော့ ညီမရဲ့Idol ပေါ့နော်။ သူသည် ညီမတို့ အတွက် အားအကျရဆုံး၊ လေးစားရဆုံး တစ်ကျော့ပြန် miss တစ်ယောက်ပါ။ သူ့ကိုကြည့်ပြီး အတုယူခဲ့ရတာတွေ အများကြီးရှိတယ်။ ပြိုင်ပွဲအတွေ့အ ကြုံတွေ၊ စကားပြောတဲ့ပုံတွေ လေ့လာရမှာ အကုန် လုံးကို သူ့ဆီက လည်း ညီမရခဲ့တယ်။ အဲဒီအတွက်လည်း မနန်းခင် က ညီမအတွက် လေးစားအားကျရတဲ့ Idol ပါ” လို့ ခင်ဝင့်ဝါက ပြောပါတယ်။

အလှမယ်ဘဝအဖြစ် ဖြတ်သန်း လာခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ဖက်ရှင်ဒီဇိုင်းမျိုးစုံကို ဝတ်ဆင်ခဲ့ရ ပေမယ့် ခုလိုသရုပ်ဆောင်လောကထဲ ဝင်လာတဲ့အချိန်မှာ တော့ အင်္ကျီဒီဇိုင်းတွေကို ဘယ်လိုရွေးချယ်ပြီး ဝတ်ဆင် သွားသလဲလို့ မေးကြည့်တဲ့အခါမှာတော့…

“ညီမတို့ အနုပညာသမားတွေဟာ နေရာဒေသ အလိုက် သင့်တင့်အောင်ဝတ်ဆင်ရတယ်။ အမှန် တကယ်က ညီမကပွဲတွေ ဘာတွေသွားရင် မြန်မာ အင်္ကျီဝတ်ရတာ သဘောကျတယ်။ ဒါပေမယ့် လည်း ကိုယ်က အနုပညာရှင်သမားတစ် ယောက် ဖြစ်တဲ့အတွက် သင့်တင့် အောင် ဝတ်ဆင်ရတယ်။ အလုပ်ခွင် ပြင်ပရောက်ရင်တော့ ကိုယ့်ရဲ့ပြင်ပLife Style က အင်္ကျီတီရှပ်နဲ့ ဘောင်းဘီပွ တို့ကို ဝတ်ရတာကြိုက်တယ်။ လွတ်လွတ်လပ်လပ်ဝတ်ရ တာ ကြိုက်တယ်”လို့ ပြောပါတယ်။

အနုပညာလောကထဲကို ဝင်ရောက်လာတဲ့အချိန် ကတည်းက ခေးလေးလို့ ပရိသတ်တွေရဲ့ နာမည်ပေး ခြင်းခံခဲ့ရတဲ့အပေါ် ကျေနပ်ကြောင်းကိုလည်း ခင်ဝင့်ဝါက…

“ညီမကို ခေးလေးလို့ ချစ်စနိုး ခေါ်တဲ့ အပေါ်မှာလည်း ကျေနပ်တယ်။ ကိုယ့်အတွက် ပရိသတ်ပေးတဲ့ နာမည်လေးတစ်ခုပေါ့။ အရင်က တော့ ခေးလေးလို့ ခေါ်နေကြတယ်။ ကိုယ့်ကိုယ် ကိုယ်ခေးဟုတ်လား၊ မဟုတ်လားတော့မသိဘူးပေါ့ နော် (ရယ်လျက်)။ ဘယ်လိုဖြစ်ဖြစ် အသက်ကြီးလာရင် တော့ ခေးလေးဆိုတဲ့ နာမည်လည်း ပျောက်ကွယ် သွားမယ်ထင်ပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here