ဒီကလေးလေးက မိသားစုတွေကို စည်းစည်းလုံးလုံး ဖြစ်အောင် လုပ်ပေးမယ့် ကလေးပါဆိုတဲ့ ကြာစိ

0
133

ပရိသတ်များကို ရယ်မောပျော်ရွှင်အောင် ဟာသအနုပညာနဲ့ တင်ဆက်ပေးနေတဲ့ ပရိသတ်အချစ်တော် ဟာသလူရွှင်တော် ကြာစိဟာ မကြာသေးခင်ကမှ အိမ်ထောင်သစ်ဘဝတစ်ခုကို မဆုဟန်နီဖြိုးနဲ့ ပြည်လည်တည်ဆောက်ခဲ့ပြီး လက်ရှိမှာတော့ ကြာစိရဲ့ဇနီး မဆုဟန်နီဖြိုးဆီမှာ ကိုယ်ဝန်ရှိနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ ကြာစိက –

”မနေ့က သူကနေလို့ထိုင်လို့ မကောင်းဘူးဆိုလို့ ဆေးခန်းသွားကြတယ်။ ဟိုရောက်တော့ ဆရာဝန်က ကိုယ်ဝန်ရှိနေပြီ။ ၇ ပတ်၊ ၈ ပတ်လောက်ရှိပြီတဲ့။ ကျွန်တော် အတိုင်းအဆမရှိကို ဝမ်းသာပါတယ်။ အခု သူ့ဗိုက်ထဲက ကလေးလေးက ဟိုဘက်မိသားစုရော၊ ဒီဘက်မိသားစုကော စည်းစည်းလုံးလုံးဖြစ်အောင် လုပ်ပေးမယ့် ကလေးလေးပါ။ သူ့မှာ ဒီလိုကိုယ်ဝန်ရှိလာတဲ့အတွက် ဒီကလေးလေးကို သူ့မိသားစုလည်း ချစ်၊ ကိုယ့်မိသားစု ကလည်းချစ်ဆိုတော့ ဟိုဘက်ဒီဘက်လည်း သွေးမကွဲတော့ဘူးပေါ့။ ကျွန်တော့်အရင်က ကလေးတွေလည်း အရွယ်ရောက် နေတဲ့အတွက် ဒီကလေးလေးကိုလည်း သူတို့ရဲ့ညီ၊ ညီမလေးအတိုင်း ချစ်မှာပါလို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော် အရင်က ကံမကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ခဲ့တယ်။ အခုချိန်မှာတော့ ဒီဇနီးနဲ့ ဒီကလေးတွေအတွက် ကျွန်တော် ကြိုးစားတော့မယ်။ ကျွန်တော်တို့လို ဒုက္ခမရောက်ရအောင် ပညာတွေသင်ပေးမယ်။ အကုန်လုံးကို ဂရုစိုက်ရမယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဇနီးကိုလည်း ခရီးမထွက်ခိုင်းဘဲ တောင်ကြီးမှာပဲ နားခိုင်းတော့မယ်”လို့ သူက ပြောပါတယ်။ ၄ လကြာ လက်တွဲပြီးနောက်မှာ ရင်သွေးလေးရလာပြီဖြစ်လို့ တအားဝမ်းသာတယ်လို့ဆိုတဲ့ ကြာစိရဲ့ဇနီး မဆုဟန်နီဖြိုးက –

”သူနဲ့ဆရာဝန်ဆီသွားတော့ ကိုယ်ဝန်ရှိပြီလို့ပြောတော့ ဝမ်းသာတယ်။ ကိုယ့်ရဲ့ရင်သွေးလေးကို စောင့်ရှောက်ရ မယ်။ သားနဲ့သမီးလေးကလည်းချစ်မှာပါ။ သူတို့ကလည်း အရွယ်ရောက်ပြီဆိုတော့ ညီမလေးပဲဖြစ်ဖြစ်၊ ညီလေးပဲဖြစ်ဖြစ် လိုချင်မှာပဲလေ။ ခုဆိုသားက ၁၈ နှစ်ဖြစ်နေပြီ။ သမီးလေးကလည်း ၈ တန်းရောက်နေပြီ။ သူတို့လေးတွေလည်း အရွယ်ရောက်နေတော့ ညီမ ဒီအချိန် ရင်သွေးလေးရတာ မှန်တယ်လို့ တွေးမိပါတယ်။ သမီးလေးကလည်း ညီလေးပဲဖြစ် ဖြစ်၊ ညီမလေးပဲဖြစ်ဖြစ် လိုချင်တယ်လို့ပြောတယ်။ အဲဒီအတွက် ခရီးမသွားရဘူးလို့ပြောလို့ ညီမအခုတော့ တောင်ကြီးမှာပဲ။ သားနဲ့သမီးကတော့ ရန်ကုန်မှာပဲပေါ့။ သူ အရင်အိမ်ထောင်နဲ့ကွဲတာ ၆ နှစ် ၇ နှစ်လောက်ရှိပါပြီ။ အဲဒီကတည်းက ကလေးတွေကို သူ့အဒေါ်ကပဲ စောင့်ရှောက်တာ။ ဒါပေမဲ့ ကျောင်းပိတ်ရက်မှာတော့ ကလေးတွေကို ညီမ တောင်ကြီးမှာ ခေါ်ထားမယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here