ကချင်တေးစီးရီးထွက်ရှိအပြီးမှာ မြန်မာသီချင်းတွေထွက်ရှိဦးမယ့်ရေဗက္ကာဝင်း

0
452

ကချင်တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ အဆိုတော်ရေဗက္ကာဝင်းက တေးအယ်လ်ဘမ်တစ်ခုလုံးကို ကချင်ဘာသာနဲ့ သီဆိုထားတဲ့ တေး အယ်လ်ဘမ်တစ်ခုကို ဖြန့်ချိလိုက် ပြီဖြစ်ပါတယ်။ Maka လို့ အမည်ပေးထားတဲ့ ဒီအခွေကိုတော့ ဖေဖော်ဝါရီလ ၁၂ရက်နေ့(ပြည်ထောင်စုနေ့)က ဖြန့်ချိခဲ့ပြီး ရေဗက္ကာဝင်းက သီချင်းတွေကို ပရိသတ်တွေ နားလည် သဘောပေါက်အောင် ပြုလုပ်ထားတဲ့အကြောင်းကို…

“ဒီအခွေထဲမှာလည်း သီချင်းပုံစံအစုံပါပါတယ်။ သီချင်းပုဒ်ရေ စုစုပေါင်းကလည်း ၁၁ပုဒ်ပါဝင်ပါတယ်။ သီချင်းလေးတွေက POP ROCK , POP နဲ့ R&Bပုံစံလေး တွေလည်း ပါဝင်ပါတယ်။ တေးရေးတွေကလည်း ကချင်တေးရေးတွေပါ။ လူမျိုးအကြောင်းဘဲမဟုတ်ပဲနဲ့ အချစ်၊ အလွမ်း၊ အဆွေး သီချင်းလေးတွေလည်းပါဝင်ပါတယ်။ ပရိသတ်တွေလည်း နားလည်စေဖို့အတွက် သီချင်းလေးတွေကိုMTV ပုံစံလေးတွေကို ရိုက်ထားတဲ့အပြင် စာ တန်းထိုးရင်လည်း ဘာသာပြန်ကို ပါတစ်ခါတည်း ထည့်ထားပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက အဓိပ္ပါယ်ကိုနားလည်းလိမ့်မယ်လို့လည်းထင်ပါတယ်။ Maka ဆိုတာကလည်း ညီမရဲ့အရောင်အစင်း၊ ပုံရိပ်၊ ပုံသဏ္ဌာန်လို့ အဓိပ္ပါယ်ရ ပါတယ်။ Makaဆိုပြီးလည်း သီချင်းတစ်ပုဒ်ပါတယ်။ ဒါကိုပဲ ခေါင်းစဉ်ပေးလိုက်တာပါ။ Maka ကတော့ ရိုးရိုးအချစ်သီချင်း တစ်ပုဒ်ပါပဲ” လို့ ပြောပြပါတယ်။

ကချင်ဘာသာနဲ့ အခွေထွက် ရှိလာချင်းကလည်း ကချင်လူမျိုး တစ်မျိုးထဲကို ကိုယ်စားပြုတာ မဟုတ်ပါဘူးဆိုတဲ့ ရေဗက္ကာဝင်းက ဒီသီချင်းခွေလေးနဲ့ တိုင်းရင်းသား သီချင်းခွေဈေးကွက် ကျယ်ပြန့် စေချင်တဲ့အကြောင်းကို…

“ညီမက ကချင်လူမျိုးတစ်ယောက်ပါ။ အဖေက မြန်မာ၊ အမေကကချင်လူမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ညီမတို့က ငယ်စဉ်က တည်းကအိမ်မှာ ကချင်ဘာသာစကားကို အိမ်မှာပြော ဖြစ်ကြတဲ့အတွက်အရင်ကတည်းကလည်း ကချင်သီချင်း တွေ ကိုတအားကြိုက်တယ်။ ဒါကြောင့် ညီမချစ်တဲ့ ပရိသတ် တွေကို သီဆိုနေကျ မြန်မာ သီချင်းတွေမဟုတ်ဘဲ တစ်မူ ထူးခြားတဲ့ ကိုယ့်ရဲ့ဘာသာစကားနဲ့ သီဆိုထားတဲ့ သီချင်းတွေကိုမျှ ဝေချင်တယ်။ နားထောင် စေချင်တဲ့ အတွက်ဒီလို အခွေလေး ထုတ်ဖြစ်တာပါ။ ကချင် ဘာသာစကားနဲ့ထွက် တယ်ဆိုတာကလည်း ဒီနိုင်ငံ မှာနေတဲ့ တိုင်းရင်းသား အားလုံးကို ကိုယ်စား ပြုပါ တယ်။ ညီမရဲ့ကချင် လူမျိုးတစ်မျိုး တည်းကိုပဲ ကိုယ်စား ပြုတာ မျိုးမဟုတ် ပါဘူး။ တိုင်း ရင်းသားတွေ မှာရှိ တဲ့ ကိုယ်ပိုင်ယဉ်ကျေး မှု တွေ၊ ထုံးတမ်းစဉ်လာနဲ့ ဂီတ အနုပညာတွေ၊ ဘာ သာစကား အသီးသီးရှိ တာကို ညီမက အနုပညာ တစ်ခုအနေနဲ့ တစ်နိုင်ငံလုံး ကြည့်ရှုလို့ရ အောင်ရယ်၊ တခြား တိုင်းရင်း သားအခွေတွေ လည်း ဈေးကွက် ကျယ် ပြန့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ” လို့ပြောပြပါ တယ်။

Maka တေးအယ်လ်ဘမ်ထွက် ရှိအပြီးအမှာ လည်း မြန်မာသီချင်းခွေတစ်ခွေ ထွက်ရှိသွားဦး မယ်လို့ဆိုပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here