ပရိသတ်တွေကပေးတဲ့ ခွန်အားတွေနဲ့ ဂီတလမ်းကို လျှောက်လှမ်းနေသူ White & Black အဖွဲ့

0
247

ကျော်လင်းဖြိုးနဲ့ ဝေစိုးအာင်တို့က White&Black အမည်နဲ့ ဂီတလောကထဲမှာ လျှောက်လှမ်းခဲ့တာ ၆ နှစ်တာ ကာလဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ကျော်လင်းဖြိုးရဲ့ အနုပညာနာမည်ကတော့ J .ONE ဖြစ်ပြီး ဝေစိုးအောင်ရဲ့ အနု ပညာ နာမည်ကတော့J 4 ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ ရိုင်း ပင်းကူညီမှုတွေနဲ့အတူပဲ သီချင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

”အဓိက ကတော့ ဒီအဖွဲ့က ညီအစ်ကိုလိုနေထိုင်ကြတာပါ။သီချင်းဆိုရင်တောင် ပြိုင်တူဆိုမိတာမျိုးတွေတောင်ရှိတယ်။ တစ်ယောက်စိတ်ကို တစ်ယောက်ကသိကြတယ်။ အခက် အခဲရှိရင်လည်း ခေါင်းချင်းဆိုင်ပြီးတော့ ဖြေရှင်းကြတာပေါ့။ အမြဲတမ်းလည်းပျော်ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကြိုးစားမှုက အရာမထင်မှာကိုလည်း ကြောက်တယ်” လို့ ဝေစိုးအောင်ကပြောပါတယ်။ အဖွဲ့အနေနဲ့ မဖွဲ့ဖြစ်သေးခင် ကတော့ တစ်ဦးချင်းအနေနဲ့ ဂီတလောကမှာ လှုပ်ရှားဖြစ်နေခဲ့ပေမယ့် အဖွဲ့ဖွဲ့ပြီး နောက်ပိုင်းမှာတော့ ဖျော်ဖြေပွဲတွေ တော်တော်များများ သီဆိုဖြစ်လာတယ်လို့လည်း ကျော်လင်းဖြိုးက ပြောပြပါတယ်။ အဖွဲ့တည်မြဲဖို့အတွက်ကိုတော့ တစ်ယောက်နဲ့တစ်ယောက်ကို နားလည်မှုတွေနဲ့ ရှေ့ခရီးကို ဆက်လက်လျှောက်လှမ်းနေကြပြီး အတတ်နိုင်ဆုံးကတော့ စိတ်ကို လျှော့ချထားပါတယ်” လို့ သူတို့ နှစ်ဦးစလုံးက ပြောကြပါတယ်။

ရှိုးတွေဖျော်ဖြေ ကြတဲ့အခါမှာလည်း စင်အောက်က ပရိသတ်တွေက သူတို့ရဲ့ နာမည် ကိုခေါ်တဲ့အသံတွေ ကြားခဲ့ရဖူးသလို မခေါ်တာတွေလည်းရှိတဲ့ အတွက် အဲဒီအပေါ်မှာတော့ စိတ်ဓါတ်မကျဘဲ ဆက်လက်ကြိုးစား သွားမယ်လို့လည်း သူတို့နှစ်ဦးစလုံးက ပြောကြပါတယ်။ သူတို့ အဖွဲ့က အခု လတ်တလောမှာလည်း As U like ဆိုတဲ့MTVတစ်ပုဒ်ကို အွန်လိုင်းမှာတင်ထားပါသေးတယ်။ ”နောက်ပိုင်းမှာ တော့ အွန်လိုင်းကနေ တင်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဆက်တိုက်လည်း လုပ်နေပါတယ်။ အခုလည်းတစ်ပုဒ် ထပ်ရိုက် ကူးဖို့ရှိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစား နေပါတယ်။ အားပေးကြဖို့လည်း ချစ်ပရိသတ်များကို မေတ္တာရပ်ခံ ပါတယ်။ သီချင်းအသစ်တွေလည်းထပ်လုပ်နေပါတယ်” လို့ ကျော်လင်းဖြိုးကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here