နေမျိုးအောင် ရဲ့ သားက ‘နေ’ ဆိုတဲ့နာမည်နဲ့ ဇာတ်ကားများရိုက်ကူးနေပြီ

0
338

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားကြီးက ‘နေ’ ဆိုတဲ့ နာမည်နဲ့ ဗီဒီယိုဇာတ်ကား ၄ ကား လောက် ရိုက်ကူးထားပြီး ဒီနှစ်ထဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးဖို့အတွက် ကမ်းလှမ်း မှုတွေ ရှိနေကြောင်းကို ဖခင်နေမျိုးအောင်က ပြောပါတယ်။ သားဖြစ်သူက ‘နေ’ ဆိုတဲ့ နာမည်နဲ့ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးခဲ့ပေမယ့် ဒီ့နောက်ပိုင်းမှာတော့ နာမည်အသစ် ပြောင်းဖို့စီစဉ်နေကြောင်းကိုလည်း နေမျိုးအောင်က-

”အခုတော့ နာမည်ကရွေးနေတုန်းပဲ။ ဗီဒီယိုမှာပေးထားတာတော့ နေ တစ်လုံး တည်းပဲ။ နေမျိုးအောင်သား နေ ပူပြင်းတယ်ပေါလေ့။ အဲဒီလို အကြောင်းအရာလေး တွေရှိတယ်။ အခုတော့ ရွေးနေတုန်းပေါ့။ တချို့ကျတော့လည်း ကြိုက်တယ်။ တချို့ ကျတော့လည်း မကြိုက်ကြဘူးပေါ့။ နာမည်တော့ ရွေးနေတယ်။ ဒီဇာတ်ကားကြီးမှာ တော့ နာမည်အသစ် ထိုးလိမ့်မယ်ထင်တယ်” လို့ပြောပြပါတယ်။ ကိုယ်ကိုယ်တိုင်က သရုပ်ဆောင်တစ်ယောက်၊ မင်းသားတစ်ယောက်ဖြစ်နေတဲ့အတွက် သားကို အဲဒီလို ဖြစ်ဖို့မျှော်လင့်ကြောင်းကို ”အစ်ကိုဟာ သရုပ်ဆောင်တစ်ယောက်၊ ပြောရမယ် ဆိုရင် မင်းသားတစ်လက်ဖြစ်တဲ့အတွက် ကိုယ့်သားသမီးကိုလည်း မင်းသားဖြစ်ရမယ် သရုပ်ဆောင်ကောင်းဖြစ်ရမယ်လို့ မျှော်လင့်တာပဲ။ ဒါပေမဲ့ အဓိက ကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်တယ်။ အနုပညာကို ချစ်မြတ်နိုးရမယ်။ လေးစားရမယ်။လုံ့လဝီရိယရှိရမယ်။ ဒါကြောင့်လည်း အစ်ကိုက ရှေ့ကနေ ဂိုက်လိုင်း လေးတွေ ပေးတယ်။ သွန်သင်ဆုံးမတယ်။ သူတို့ မယူတာတော့ သူတို့ရဲ့ ကံတရား ပေါ့။ သူဝါသနာပါတယ်ဆိုရင်တော့ ပါသလောက်ရမှာပေါ့” လို့နေမျိုးအောင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ – အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here