မွေး နေ့ မှာ ခင်ပွန်း ကြီးဆယ်ပါးကို ကန် တော့ခဲ့တယ် သရုပ်ဆောင် သက်ထားစုစံ

0
306

မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကကို ရောက်ရှိလာတဲ့ သက်ထား စုစံကတော့ လက်ရှိမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်သံဇာတ်လမ်းတွဲများ၊ video ဇာတ်ကားများမှာ  ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ ခင်ပွန်းကြီးဆယ်ပါးကို ဆွမ်းကပ် ကန်တော့ခဲ့ပြီး တခြားအလှူဒါနများလည်း ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ သူမရဲ့ မွေးနေ့ခံစားမှုကိုလည်း ခုလိုပြောပြခဲ့ပါသေးတယ်။

“ဒီနှစ်မွေးနေ့မှာ အိမ်မှာ ခင်ပွန်းကြီးဆယ်ပါး ဆွမ်းကပ်ကန်တော့ဖြစ် တယ်။ ဆွမ်းချက်ပြီးတော့ ဆွမ်းလောင်းတယ်။ သူငယ်ချင်းတွေနဲ့စုပြီးတော့ မုန့်စားကြတယ်။ ပြီးတော့ဆရာသမားတွေကို ဖိတ်ပြီးတော့ dinner လေးကျွေးဖြစ်ပါတယ်။ အသက်တစ်နှစ်ကြီးလာပြီဆိုတော့ တစ်နှစ်နဲ့ တစ်နှစ် စိတ်ကလေးတွေ ပြောင်းလာတာပေါ့။ အရင်တုန်းက ဆိုရင် စိတ်မြန်တယ်။ ခုတော့ သည်းခံနိုင်တဲ့ အတိုင်းအတာ ပိုလာတယ်ပေါ့။ အလုပ်လည်း ပိုပြီးလုပ်လာရတဲ့အတွက် ပိုပြီး တော့စိတ်ရှည်လာတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အသိတရား တွေလည်း ပိုရလာတယ်။ အဲ့ဒါလေးတွကတော့ တစ်နှစ်နဲ့ တစ် နှစ်ကြားမှာကိုယ့်ကိုပြောင်းလဲလာတယ်လိုထင်တဲ့ အရာတွေပါ” လို့ပြောပြခဲ့ပါတယ်။  သူမကတော့လတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ် နေပြီး မကြာသေးမီကလည်း “‘စစ်ကိုမုန်း၍ တိုက်ခဲ့သည်” တပ်မတော် ဂုဏ်ပြုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ” စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားမှာ ဆက်သွယ် ရေးလုပ်ပေးတဲ့ ရဲမေတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရှေ့တန်းက စစ်သားတွေကို နောက်တန်းက သတင်းပေးရတဲ့ သဘော ပေါ့။  အဲဒီဇာတ်ကားကလည်း ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့အတွက် တအား လည်းဂုဏ်ယူပါတယ်။ ပြီးတော့ အဲ့ဒီဇာတ်ကားက လက်နက်အစစ်တွေနဲ့ ပစ်ရတာလည်းပါတယ်။ တကယ်လည်း စစ်ရေးလေ့ကျင့်ရတယ်ဆိုတော့ အတွေအကြုံအသစ်တွေလည်း အများကြီးရပါတယ်။ အဲဒီဇာတ်ကား ကလည်း ညီမအတွက်ကာရိုက်တာတစ်ခုရတဲ့အတွက် အားရပါတယ်။

စီနီယာ အစ်မတွေနဲ့အတူ သရုပ်ဆောင်ရတယ်။ သူတို့ကကျတော့ ဝါရင့်သရုပ်ဆောင်တွေ ဆိုပေမယ့် ကာရိုက်တာကတော့ မျှပါ တယ်။ အားလုံးက ကာရိုက်တာ တစ်ယောက်တစ်မျိုးစီပေါ့။ လုပ်ရတာလည်း လုပ်ပျော်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here