ပရိသတ်တွေကို အားနာနေတဲ့ တိုင်ရွန်

0
538

လူငယ်ပရိသတ်ကြားမှာ အောင်မြင်မှု အတိုင်းအတာ တစ်ခုထိရရှိလာတဲ့ သရုပ်ဆောင် မော်ဒယ် တိုင်ရွန်က အခုဆိုရင် ဇာတ်ကားတွေ ဆက် တိုက် ရိုက်ကူးလာပြီဖြစ်ပါတယ်။အခုလတ်တလောမှာ လည်း ဒါရိုက်တာချိုဝတ်ရည် ရိုက်ကူးတဲ့ ‘ရွှေမင်းသမီး နှင့် လူလိမ်’ ဇာတ်လမ်း တွဲမှာ ဇေယျ၊ ယွန်းယွန်းတို့နဲ့ အတူ ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်လမ်း မှာတော့ လူလိမ် ကာရိုက်တာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ တိုင်ရွန်ကဇာတ်လမ်းတွဲရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး

”ဒီဇာတ်လမ်းတွဲထဲမှာ ကျွန်တော် ခပ်တည်တည်နဲ့လိမ်တဲ့ သူတစ်ယောက်ပုံစံ သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်ကိုယ် တိုင် လည်း ဇာတ်လမ်းကိုသဘောကျတဲ့အတွက် ရိုက် ကူးဖို့ လက်ခံဖြစ်ခဲ့တာပါ။ ထွေထွေထူးထူး ကြိုပြင် ဆင်ရတာတွေတော့ မရှိပါဘူး။ ခပ်တည်တည်နဲ့ဆိုတော့ ဒိုင် ယာလော့နည်းနည်းနှေးတာတွေတော့ရှိတယ်၊အခုနောက်ပိုင်း မှာက ဇာတ်လမ်း တွဲတွေကို ပရိသတ်တွေအားပေးလာကြတာကိုတွေ့ရတယ်။ ဇာတ်လမ်းတွဲမှာက သရုပ်ဆောင်တွေကို နေ့ တိုင်းမြင်နေရတာဆိုတော့ ပရိသတ်တွေက ပိုပြီး အားပေးကြ တယ်။ ကျွန်တော်တို့လို အသစ်တွေအနေနဲ့လည်း ဇာတ်လမ်း တွဲရှေ့ကို ထွက်လာနိုင်တဲ့အတွက် ဇာတ်လမ်းတွဲကို ပိုပြီး အားရ ပါတယ်” လို့ ပြောပါတယ်။
နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေအပြင်၊ ဗီဒီယို ဇာတ်ကားတွေပါ ဆက်တိုက်ရိုက်ကူးလာတဲ့ တိုင်ရွန်က သူ့ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုတော့ မရှိသေး ကြောင်း ပြောပါတယ်။

”ထုတ်လုပ်ရေးတွေကလည်း ကျွန်တော်နဲ့လိုက်တဲ့ ဇာတ်တွေပဲ ကျွန်တော့်ကို ရိုက်ခိုင်းတာပါ။ ဇာတ်လမ်းပုံစံတွေက တော့ သဘာာဝနဲ့ နီးစပ်တဲ့ ဇာတ်လမ်းလေးတွေ ရိုက်ကူးထား တာများပါတယ်။ ကိုယ့်ရဲ့အနုပညာအလုပ်ပေါ်မှာတော့ ကျေနပ် အားရမှုကတော့ သိပ်မရှိသေးဘူး။ ရိုက်ကူး ထားတာ လေး တွေက ပရိသတ်ရှေ့ကို မရောက်နိုင်သေးတာဖြစ်တဲ့ အတွက် ကြောင့် ပရိသတ်တွေကို အားနာရတယ်။ ပိုပိုပြီး တော့ အရင်က ထက် ပိုကြိုးစားနေပါတယ်” လို့ ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here