အကယ်ဒမီ ဆိုတာ ကိုယ်နဲ့ ထိုက်တန်မှ ရတာပါ မေသန်းနု

0
315

ထပ်ဆင့်အကယ်ဒမီ မေသန်းနုကို  ဒီနှစ်အကယ်ဒမီပေးပွဲမှာ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်ဆောင်ဆုရရှိလိမ့်မယ်လို့ ပရိသတ် များက ခန့်မှန်းပေးနေ ကြပါတယ်။အကယ်ဒမီဆိုတာ ကိုယ် နဲ့ထိုက်တန်မှရတာဖြစ်တဲ့အတွက် မျှော်လင့်ချက်ကြီးတော့ မထားထား ကြောင်းကို မေသန်းနုက…

“ရင်ခုန်သံကတော့ မဆင့်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ပရိသတ် တွေက အားပေးတာပေါ့နော်။ အကယ်ဒမီဆိုတာကိုလည်း ကိုယ်နဲ့ ထိုက်တန်မှ ဒါမှမဟုတ်ကိုယ့်ရဲ့ ကံလေးကလည်း အကြောင်းပါမှ ဒါကတော့တစ်သမတ်တည်းသတ်မှတ်ထားလို့မရဘူးပေါ့နော်။ ရှိနေတဲ့ ဇာတ်ကားတွေကလည်း အရင်တုန်းကတော့နည်း တယ်။ အခုကများနေတဲ့ အခါကျတော့ လူလည်းများလာတော့ သိပ်ပြီးတော့ မျှော်လင့်ချက်ကြီးမထားပါဘူး။အဲဒီ ဇာတ်ကားရိုက် တုန်းက သားသားလည်းပါတယ်။ဒီဇာတ်ကားနဲ့ ရမယ်ဆိုရင် သားသားကတော့ ပိုဝမ်းသာမှာပေါ့နော်။ ဒီဇာတ်ကားကတော့ အနည်းဆုံးကတော့ ၃ ၄ ခုလောက်တော့ရမယ်ထင်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မဆင့် ထင်တာမဟုတ်ဘူးလေ။ မဆင့်တို့ လည်း အနုပညာလျှောက်လှမ်းလာတဲ့နှစ်တွေကလည်း အများကြီး ဆိုတော့ အတွေ့အကြုံအရ ဒီဇာတ်ကားရဲ့ ကြိုးစားအားထုတ်မှုကတော့ ကြည့်တဲ့သူတိုင်းသိမှာပါ။ဒါ ရိုက်တာရော၊ ဇာတ်ကား၊ ဓာတ်ပုံအဲဒါတွေ ကအဘက်ဘက်က ကောင်းနေတာကျတော့လေ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ပေးတာ ပေါ့နော် (ရယ်လျက်)။ရစေချင်ပါတယ် အားလုံးကိုလေ” လို့ပြောပါတယ်။

ဒီဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့တို့က စင်ကာပူနိုင်ငံမှာ  သွား ရောက် ပြသခဲ့ပါတယ်။ ဒီအတွက်လည်း ဝမ်းသာ ပျော်ရွှင် ရကြောင်း မေသန်းနုကပြောပြပါ တယ်။ ဒီ့အပြင်ဒီနှစ်အကယ်ဒမီပေးပွဲအတွက် အကယ် ဒမီစာရင်းဝင် ဇာတ်ကားတွေဟာ ကောင်းမွန် တဲ့ ဇာတ်ကားတွေဖြစ်ကြောင်းနဲ့ ပရိသတ် များအပြောများနေတဲ့ ရုပ်ရှ် ဇာတ်ကားနဲ့ မင်းသမီးအကြောင်းကိုလည်း မေသန်း နုက…

“ကောင်းတဲ့ကားတွေကတော့ ပရိသတ်ကအပြောများတယ်လေ။အူဝဲဇာတ်ကားဆိုလည်း ပရိသတ် အပြောများတယ်လေ။ ရင်ဘတ် ထဲက ဓားက အနုပညာအရရော ငွေရေးကြေးရေးအရရော အောင်မြင်တယ်လို့ မဆင့် ကြားရတယ်။မဆင့်တော့ မကြည့်ရသေးဘူး။ဒီဇာတ်ကား ထဲမှာ အူဝဲတော်တော်ကောင်း တယ်ပေါ့။ အားလုံးရကြပါစေလို့ မဆင့်ဆုတောင်းပေးပါတယ်”လို့ ပြောပြခဲ့ပါတယ်။ အခုလတ်တလော မှာတော့ မေသန်းနုက ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးနေတဲ့ ဆေးရုံကြော်ငြာရိုက်ကူးရေးတစ်ခု ကို နေအောင်၊ ဇင်ဝိုင်း၊ ခင်သန်းနု တို့နဲ့ ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here