၂ဝ၁၈ ခုနှစ်အတွင်းမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကားမျိုး ရွေးချယ် ရိုက်ကူးမယ့် မင်းမော်ကွန်း

0
186

နယူးဗားရှင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းက ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

”ဒီဇာတ်ကားက ကြည့်တော့သာ ပေါ့ပေါ့ပါးပါးဖြစ်နေတာပါ။ ရိုက်ကူးတဲ့အချိန်မှာတော့ အကုန်လုံးလည်း ပင်ပန်းကြပါတယ်။ ရယ်နေရင်းနဲ့ ငိုနေရတဲ့ ကာရိုက်တာဆိုလည်း ခက်ခဲခက်ခဲတယ်။ ပင်ပန်းတယ်။ ဒီ ဇာတ် ကားထဲမှာ အခြောက်ကာရိုက်တာလေး လုပ်ထားရတယ်။ ဒီအခြောက် ကာ ရိုက်တာကပထမဦးဆုံးတော့မဟုတ်ပါဘူး။ ဒီလိုကာရိုက်တာမျိုး ကျွန်တော် လုပ်တော့ လုပ်ဖူးပါတယ်။ ဒီလိုဇာတ်ရုပ်တွေကလည်း သိပ်အများကြီး မဟုတ်ဘူးဆိုပေမယ့် ၂နှစ်ခြားတစ်ခါ၊ ၃နှစ်ခြားတစ်ခါတော့ လုပ်ရပါ တယ်။ ဒီဇာတ်ကားကလည်း သမားရိုးကျ ဟာသဇာတ်ကား ဆိုပေမယ့် လည်း ပရိသတ်တွေ ဝေဖန်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ထုတ်လုပ်သူတော် တော်များများကလည်း ဈေးကွက်ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ အ လုပ်ကိုလုပ်ရတဲ့အတွက် ဟာသဆိုတိုင်းလည်း ပေါကားတော့ မဟုတ် ပါ ဘူး။ သူဇာတ်နဲ့သူကတော့ရှိပြီးသားပါ” လို့ပြောပါတယ်။ အနုပညာအ တွေ့အကြုံအရသက်တမ်းကြာလာတဲ့အချိန်မှာကိုယ့်ကိုယ်ကိုယ် ပြန်လည် တည်ဆောက်တဲ့အနေနဲ့အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်းကိုတော့

”ကျွန်တော် ၂ဝ၁၈ ခုနှစ်မှာ ဇာတ်လမ်းဇာတ်ညွှန်းတွေကို သေသေချာချာ စိစစ်ပြီး ရိုက်ကူး သွားဖို့ရှိပါတယ်။ ဒါကလည်း အနုပညာ အတွေ့အကြုံအရ သက်တမ်း ကြာလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ လိပ်ပြာလုံအောင်၊ ပြန်ပြီးတော့ လေးစားလို့ရအောင် ပြန်လည် ပြီး တည်ဆောက်တဲ့ သဘောဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဇာတ်ကားရိုက်ကူးမှုနည်းချင်နည်းသွားပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်လမ်းရော၊ ဇာတ်အိမ်ရောပါ ကောင်းတဲ့ဇာတ်ကားမျိုးတွေပဲ သေသေချာချာရွေးချယ်ပြီး ရိုက်ကူးသွားမှာပါ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။

ချယ်ရီ၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here