သမီးလေးတွေရဲ့ အနုပညာ ငွေကြေးတွေကို စုပြီးခေတ်သစ် ဖောင်ဒေးရှင်း တည်ထောင်သွားမယ် လင်းလင်းနဲ့ ချစ်သုဝေ

0
190

ပရိသတ်တွေရဲ့ ချစ်ခင်အား ပေးမှု တွေကို ရရှိထားတဲ့ မေမြန်မာခေတ်၊ မေမြန်မာသစ်တို့ အမြွှာ ညီအစ်မနှစ်ဦးကို တော့ ကြော်ငြာတွေ များစွာကမ်းလှမ်းခြင်းခံနေရပါ တယ်။ ဒီလိုကြော်ငြာ တွေအများကြီး ကမ်းလှမ်းပေမယ့်လည်း အဆင်ပြေမယ့် ကြော်ငြာမျိုးတွေကိုပဲ ရွေးချယ်ရိုက်ကူးပေးဖြစ်တယ်လို့  မေမေ ချစ်သုဝေက ဆိုပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အား ပေးမှု တွေကို ရရှိထားတဲ့ မေမြန်မာခေတ်၊ မေမြန်မာသစ်တို့ အမြွှာ ညီအစ်မနှစ်ဦးကို တော့ ကြော်ငြာတွေ များစွာကမ်းလှမ်းခြင်းခံနေရပါ တယ်။

ဒီလိုကြော်ငြာ တွေအများကြီး ကမ်းလှမ်းပေမယ့်လည်း အဆင်ပြေမယ့် ကြော်ငြာမျိုးတွေကိုပဲ ရွေးချယ်ရိုက်ကူးပေးဖြစ်တယ်လို့  မေမေ ချစ်သုဝေက ဆိုပါတယ်။

 

“သမီးလေးတွေကတအားငယ်သေးတော့ ပင်ပန်းမှာလည်းစိုးတယ်။ သူတို့စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်မှာမျိုးလဲမဖြစ်ချင်ဘူး။ သူတို့အတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်မယ့် ကြော်ငြာမျိုးလေးတွေကို ညှိနှိုင်းလို့ရမယ် ဆိုရင်တော့ မထရီဇာတို့ လက်ခံပြီး ရိုက်ကူးဖြစ် တယ်။ ဒီ Heguru Yangon Centre ကျောင်းကြော်ငြာလေးဆိုလည်း ရက်ရွှေ့ရတာ ၃၊ ၄ခါပေါ့။ သူတို့ မညည်းမညူဘူး။ ကျောင်းကဖွင့် သွားပေမယ့် ကြော်ငြာမရိုက်ပေး လိုက်ရဘူး။ အခုကျောင်းဖွင့်ပြီး တော့မှ ရိုက်ပေးရတာပေါ့။ သမီးလေး နေမကောင်းဖြစ်နေလို့ပါ။ သမီးလေး တွေက တစ်နှစ်အထိက ဘာမှမဖြစ်ခဲ့ဘူး။ မွေးနေ့တုန်းက ဆေးရုံမှာ သွားလှူလိုက် တော့လေ။

 

ဆေးရုံကျတော့infectious နေရာ ဆိုတော့ infection လေးတွေကူးလာတာပေါ့။ မွေးနေ့မှာ သမီးငယ်လေးက နေမကောင်းဖြစ် သွားတော့ ကြော်ငြာရိုက်ရက်လေးတွေ ရွှေ့လိုက် ရတယ်” လို့ ကြော်ငြာ ရိုက်ကူးရက် ရွှေ့ဖြစ်ရတဲ့ အကြောင်းကို ပြောပါတယ်။ သမီးလေးတွေကို ချစ်ခင်အား ပေးတဲ့သူများတဲ့အတွက် ဒီပရိသတ်တွေအတွက် သူတို့ရဲ့ ပုံရိပ်တွေ မြင်တွေ့ရအောင် ကြော်ငြာ တွေ ရိုက်ကူးပေးဖြစ်ပြီး အနုပညာ ကြေးကိုလည်း လိုအပ်တဲ့ကလေးငယ် တွေအတွက် လှူဒါန်း သွားမှာပါလို့ ချစ်သုဝေက ပြောပါတယ်။

“သမီးလေးတွေရဲ့ ကြော်ငြာကို မထရီဇာ ဆုံးဖြတ်ချက်နဲ့ ပဲ လက်ခံ ဖြစ်တယ်။ ဘာကြောင့် လက်ခံ ဖြစ်လဲဆိုတော့ ကိုယ့်စိတ်နဲ့ပဲ တွေးလိုက်တယ်။ ကိုယ့်ပရိသတ် လေးတွေ ကိုယ့်ကိုယ်ချစ်တဲ့သူ တွေဆိုရင် ကိုယ့်ရဲ့အနုပညာလှုပ်ရှား မှုလေးတွေကို မြင်ချင်ကြတယ်။ သမီးလေးတွေကို ချစ်တဲ့သူတွေဆိုလည်း  သူတို့မြင်ချင်ကြမှာပဲလေ။ မထရီဇာဖေ့စ်ဘုတ်ခ်တင်တာဆိုလည်း မအားဘူးလေ။ ကလေးနှစ်ယောက်ဆိုတော့ တအားလုပ်ရှုပ်တယ်။ ဒါပေမဲ့ မျှော်နေပြီ။ တင်ပေးဖို့ပြောလို့ရှိရင် ပုံတွေတင်ပေးတယ်။ အားလုံးကို စိတ်ချမ်းသာစေချင်တယ်။ သမီး လေးတွေကြောင့် အားလုံး စိတ်ချမ်းသာပြီး အမောတွေပြေသွားရင် ကုသိုလ်လည်းရတယ်လို့ ခံယူထားတယ်။

အဲဒါကြောင့် အနုပညာအလုပ်ကလေးတွေကို နည်းနည်းနဲ့အဆင်ပြေတာလေးတွေကို အဲဒီရည်ရွယ် ချက် ကြောင့်လုပ်ဖြစ်တယ်။ ပြီးတော့ သမီးလေးတွေ အနုပညာကရရှိတဲ့ ဝင်ငွေကို လိုအပ်တဲ့ကလေးတွေကို လှူပေးချင်တယ်။ အဲဒီအတွက် တစ်ခုခုစီစဉ်ဖို့ စူညေ လေး ရှိတာနဲ့ ကြော်ငြာလေးတွေ ရိုက်ပေးဖြစ်ပါတယ်” လို့ပြောပါတယ်။ သမီးလေးတွေအတွက် ခေတ်သစ်ဖောင်ဒေးရှင်း တည်ထောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ချစ်သုဝေ က…..

“လောလောဆယ်ကတော့target ကိုမရွေးရသေးဘူး။ သူတို့ ၁၆နှစ်ပြည့်သွားလို့ သူတို့ ဆုံးဖြတ် ချက်ချလို့ရှိရင် သူတို့ ပဲ ဆုံးဖြတ်ချက်ကို ဆက်လုပ်ပေါ့။

ဒီ၁၆နှစ်အထိက မထရီဇာတို့က သူတို့အတွက် ခေတ်သစ်ဖောင်ဒေးရှင်းဆိုပြီး တည်ထောင်ပေးထားမယ်။ ဒီဖောင် ဒေးရှင်းက goals ကဘယ်ကိုသွားမလဲ။ င်္ Fund raising အပိုင်းတွေ ဘာတွေလုပ်ရမလဲ။ မတည်နိုင်တဲ့ ငွေကြေးတစ်ခုကို အစ်မတို့ သတ်မှတ်ပေးထားမယ်။ ဒါပေမဲ့ ဖောင်ဒေးရှင်း ဖြစ်ဖို့အတွက် ရေရှည် သွားဖို့အတွက် plan ရှိရမယ်။ ဒီ င်္ကညိ မငျေငညါ ကို ကိုယ့်ခွန်ကိုယ်အားလေးနဲ့ ဘယ်လို လုပ်နိုင်မလဲ စဉ်းစားရတာပေါ့။ ဒါကြီးက ရေရှည်စူညေ ဆိုတာထက် ၁၅နှစ် plan ပေါ့။ သူတို့ ၁၆နှစ်အထိဆိုတော့လေ။ ၁၅နှစ် plan ဖြစ်တဲ့အတွက် လူကြီးတွေနဲ့ တိုင်ပင်ပြီး သေချာ စီစဉ်တဲ့အပိုင်းတွေ ရှိပါတယ်။ ဒီဖောင်ဒေးရှင်းက ပိုက်ဆံတွေက မိဘမဲ့ကလေးတွေ ဆီသွား မလား ဒါမှမဟုတ် နွမ်းပါး ကလေးတွေရဲ့ ကျန်းမာရေး ထောက် ပံ့မှုကိုသွား မလား။ နွမ်းပါးကလေးတွေရဲ့ ပညာရေး ထောက်ပံ့မှုကို သွား မလား။ ဘယ်ဘက် ကို သွားမလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒီဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်လေးတွေ သေချာထွက်လာမယ်ဆိုရင် မီဒီယာတွေ အားလုံးကို ကြေညာသွား ပါမယ်” လို့ပြောပါတယ်။မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း 

 


LEAVE A REPLY

Please enter your comment!
Please enter your name here