သမီးလေး ကြာဖြူကောင်းခန့် က အဖေတူ သမီးလေး ဖြစ်လို့ပျော်နေတဲ့ ကောင်းခန့်

0
300

သရုပ်ဆောင် ကောင်းခန့်ရဲ့ သမီးလေးက အခုဆိုရင် ၆လသားအရွယ်ကို ရောက်ရှိ ခဲ့ပြီ။ သမီးလေးရဲ့ နာမည်ကိုလည်း ကြာဖြူကောင်းခန့်လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ သမီးလေးဟာသူနဲ့တူတဲ့အတွက် ဝမ်းသာပျော်ရွှင်နေတဲ့ ကောင်းခန့်က သူ့သမီးလေးရဲ့ချစ်စဖွယ်အမူအရာလေးများကိုလည်း အခုလို ပြောပြပါတယ်။

”ကျွန်တော်ကလေ သမာစဉ်ဆို မျက်နှာက တည်တယ်ပေါ့နော်။ သူ့အမေကလည်း အဲဒီလိုပဲ တည်တယ်။ သမီးကျမှ ထူးထူးခြားခြား သူက မျက်နှာရွှင်တယ်။ ပြုံးပြုံးနဲ့၊ ကျွန်တော်ထင်တာက ကိုယ်က တည်တော့ သူကပိုများတည်မလားပေါ့။အဲဒီလို မဟုတ်ဘဲ သူက ပြုံးပြုံးနဲ့ မနက်အိပ်ရာနိုးရင်လည်း ဘယ်သူ့မှ မနှိုးဘဲ မျက်လုံး လေး ကလယ်ကလယ်နဲ့ နေတယ်။ တော်တော်လေးကြာမှ အဖေဘက်လှည့်တယ်။ အမေဘက်လှည့်တယ်။ အဲဒီလို သူ့ကြည့်ရင်ရယ်ပြတယ်။ ပြီးရင် သူ့ဟာသူပြန် နေတယ်။ ကိုယ့်သားသမီးဆိုတော့ ချစ်တာပေါ့နော်။ မိန်းကလေးဖြစ်လို့လား မသိဘူး ရွှေတအားကြိုက်တယ်။ ရွှေကြိုက်တယ်။ ဇာကြိုက်တယ်။ အဝတ် အစားဆို ဇာပါတာလေးတွေ သူကြိုက်တယ်။ အရောင်ဆို အနီရောင်ကိုကြိုက် တယ်။ မီးအိမ်လေးတွေကို သဘောကျတယ်။ သူ့အတွက် ကျွန်တော် စက္ကူ မီးအိမ်လေးတွေလုပ်ပေးတယ်။ မီးအိမ်လေးတွေကြည့်ပြီး သူကရယ်ရယ်ပြ တယ်။ ကျွန်တော်နဲ့တူတယ်။ နှာခေါင်းလေးကအစ တူတယ်။ ကိုယ်နဲ့တူတော့ ဝမ်းသာတာပေါ့” လို့ ကောင်းခန့်ကပြောပါတယ်။ သမီးလေးကို ပညာတတ် ဖြစ်စေချင်ပြီး သ

မီးလေးနောင်ရေးအတွက် သူဘယ်လိုစီစဉ်ဆောင်ရွက်ထား လည်းဆိုတာကိုလည်း ကောင်းခန့်က –

”သမီးကို ပညာတတ်ကြီးဖြစ်စေချင်တယ်။ ပညာတတ်သွားပြီဆိုရင် သူစဉ်းစားတွေးခေါ်နိုင်စွမ်းရှိမယ်။ သူတက်တဲ့ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မယ်။ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အတွက် သူဝါသနာပါတာကို လုပ်နိုင်ဖို့အတွက်ကို ကျွန်တော်က ပံ့ပိုးပေးနိုင်အောင်ပဲ ကျွန်တော် ကြိုးစား ရမယ်။ သူဝါသနာပါတာ သူလုပ်၊ ကျွန်တော်တို့က ပံ့ပိုးပေးမယ်။

ဇင်မာနွယ်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here