သရုပ်ဆောင်သစ်တွေထဲမှာမှ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ထင်တယ် အဲလစ်အုန်း

0
247

သရုပ်ဆောင်သစ် အဲလစ်အုန်းက သူမရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေအကြောင်းနဲ့ သရုပ်ဆောင်ပြေတီဦးနဲ့ တွဲဖက်သရုပ် ဆောင်ရတဲ့အပေါ် ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

”အဲလစ်က ရုပ်ရှင်ဇာတ်ကား ၃ ကား ရိုက်ကူးထားတယ်။ ပြီးတော့ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖို့အတွက် လက်ခံထားတယ်။ လတ်တလောမှာတော့ ကိုပြေတီဦးနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူး ဖို့ရှိတယ်။ ကိုပြေတီဦးနဲ့ ရိုက်ကူးရင်းနဲ့ သူတကယ့်ကို စေတနာထားတာ ကို တွေ့ရတယ်။ အဲလစ်တို့ ကာရိုက်တာ လိုချင်တဲ့ပုံစံကို မရရင် သူ ကိုယ်တိုင်လုပ်ပြတယ်။ အဲလစ်က အသစ်တွေထဲမှာမှ တကယ်ကံကောင်း တယ်လို့ ပြောရမယ်။ အဲလစ် အနုပညာလောကထဲ ဝင်တဲ့အချိန် အနု ပညာလောက အပြောင်းအလဲ၊ အတွေ့အကြုံတွေကိုလည်း ခံစားခဲ့ရ တယ်။ ပြီးတော့ စီနီယာတွေရဲ့ သင်ပြမှုတွေကိုလည်း ရခဲ့တယ်။ ကိုယ့်ရဲ့ စီနီယာ အနုပညာရှင်တွေထဲမှာ ကိုပြေတီဦးကို တအား အားကျတယ်။ ဘာကြောင့်လဲဆိုတော့ ကိုပြေတီဦးက အချိန်ကိုလည်း တကယ်လေးစား တယ်။ ပြီးတော့ တကယ်စိတ်ရှည်ပါတယ်” လို့ ပြောပါတယ်။ အဲလစ်အုန်း က DIMENSION ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင် ထားပြီး ဇာတ်ကားအတွေ့အကြုံအကြောင်းကိုတော့ –

“DIMENSION ဇာတ်ကားက အက်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် သာမန်ဇာတ်ကားတွေထက် နည်းနည်းပင်ပန်းတာရှိတယ်။ ဒီဇာတ်ကားက အပြင်မှာဖြစ်နေကျပုံစံနဲ့ နည်းနည်းကွာတော့ မုသွင်းရတာလည်း အခက် အခဲဖြစ်တယ်။ ပြန်ကြည့်တဲ့အခါမှာတော့ ထင်ထားတာထက် အများကြီးပို ကောင်းတယ်” လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here