ဆယ်တန်းတုန်းကသင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်တွေမှာအားနည်းမှု ရှိခဲ့တယ်မှုံနံ့သာ ကျော်ရဲအောင်

0
125

စာမေးပွဲဖြေဆိုဖို့ နေ့ရက်က တဖြည်းဖြည်းလည်း နီးကပ်လာသလို ကျောင်းသားကျောင်းသူများလည်း စာကို အကြိတ်အနယ်ကြိုးစား ကျက်မှတ်ရတဲ့ကာလကိုလည်း ရောက်ရှိနေပါပြီ။ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့ ကျော်ရဲအောင်ရဲ့သမီးဖြစ်သူ  မှုံနံ့သာကျော်ရဲအောင်ကလည်း သူ့ရဲ့ဆယ်တန်းကျောင်းသူဘဝ ဖြတ်သန်းခဲ့ရမှုများ အကြောင်းကို အခုလိုဝေမျှထားပါတယ်။ မှုံနံသာကျော်ရဲအောင်က….

“ညီမက စာတအားကြိုးစားတဲ့အထဲမှာမပါခဲ့ဘူး။ ဒါပေမဲ့ နောက်ကနေ ညီမအမေရဲ့ တွန်းအားတွေ၊ ပံ့ပိုးမှု တွေကြောင့် ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့တာပါ။ ညီမက ကျူရှင်တွေကိုလည်း သိပ်မတက်ဘူး။ အနားနီးမှ ကျူရှင်တွေ၊ Guide တွေနဲ့လုပ်ခဲ့တယ်။ ညီမရဲ့ မကောင်း တဲ့အကျင့်တစ်ခုကလည်း အနားနီးမှ ကပ်ပြီး လုပ် တတ်တာမျိုးတွေရှိတယ်။ စာမေးပွဲနဲ့ ဝေးနေသေး တဲ့အချိန်မှာ စာကို သိပ်မလုပ်ဘဲနေတတ်  တယ်။ ညီမက ဆယ်တန်းမှာ သင်္ချာနဲ့ ရူပဗေဒ ဘာသာတွေမှာ အားနည်းတယ်။

ကျန်တဲ့ ဘာသာတွေမှာတော့ အခက်အခဲမရှိဘူး။ ဒါကြောင့် အဲဒီနှစ်ဘာသာအတွက် စိတ်ဖိစီး မှုရသလို၊ စာမေးပွဲဆိုတဲ့ Stress  ကပါ တဖြည်းဖြည်းနဲ့ တိုးလာတယ်။ ညီမလည်း နောက်ပိုင်း သေသေချာချာလေးလုပ်လိုက် တော့ စာမေးပွဲဖြေဆိုတဲ့အချိန်မှာ အခက် အခဲ မရှိခဲ့ဘူး။ ဒါပေမဲ့ ကိုယ်လိုချင် တဲ့ အမှတ်မရနိုင်ဘူးပေါ့။ မေမေ ကတော့ အဓိကပံ့ပိုးပေးပါတယ်။ ကျူရှင်အသွားအပြန်ကအစ အစစအရာရာ အကုန်လုံး လိုက် လုပ်ပေးတယ်။ အဖော်နေနဲ့နေ ပေးတယ်။ အဖေကတော့ ကြိုးစား ဖို့ပဲဆုံးမတယ်။

ညီမက ဆယ်တန်းဆို တော့ တအားပြောလိုက်ရင်  လည်း ရမှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ။ အဝေး ကနေပဲ ပံ့ပိုးပေးတယ်။ ဒါကြောင့်လည်း မိဘတွေ စိတ်ချမ်းသာအောင် ကြိုးစားလိုက်တာပါ”လို့ အတွေ့အကြုံတွေကို ဝေမျှထားပါတယ်။  ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမယ့် မောင် ညီမလေးများ အတွက်လည်း မှုံနံ့သာကျော်ရဲအောင်ရဲ့ အကြံ ပေးစကားက …

“ဆယ်တန်းစာမေးပွဲလည်း မတ်လ ဆိုရင် ပြုလုပ်တော့မယ်။ ညီမတို့တုန်းက ဖေဖော်ဝါရီလလောက်ဆိုရင် အိမ်ထဲက အိမ်အပြင်တောင် မထွက်နိုင်တော့ဘူး။ စာမေးပွဲနီးတဲ့အချိန်ဆိုတော့ နေ့ရော ညပါ စာ..စာ..စာ..ပဲလုပ်နေရတဲ့ အချိန်ပါ။ အခုနှစ်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသားတွေလည်း စိတ်ဖိစီးမှုတွေ ရှိနေကြမှာပါ။ ညီမလည်း နားလည်ပေးပါ တယ်။ ကိုယ်တတ်နိုင်သလောက် ကြိုးစား မှုတွေကိုလည်း အရာထင်စေချင်ပါ တယ်။ ညီမလိုမျိုး အနားနီးကာမှ   ကပ်လုပ်တာမျိုးတော့ မလုပ်စေချင်ပါ ဘူး။ သေသေချာချာလေး ကြိုးစား ကြစေချင်ပါတယလို့ပြောပြပါတယ်။

မှုံနံ့သာကျော်ရဲအောင်ကတော့ ဒုတိယ နှစ် Psychology ဘာသာရပ်တွဲနဲ့ တက္ကသိုလ် တက်ရောက် ပညာ သင်ကြားနေပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here