ချစ်သူရေးတဲ့ ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးမယ့်ခင်ဇာခြည်ကျော်

0
200

ခင်ဇာခြည်ကျော်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ကြယ်တံခွန် ရုပ်ရှင် ထုတ်လုပ်ရေးကနေ တတိယမြောက်ရုပ်ရှင် “ကြိုးဝိုင်း”ဆိုတဲ့ ဇာတ်ကားကြီးကို မေလ ၁ဝ ရက်နေ့မှာ အကောင်အထည်ဖော်ရိုက်ကူးသွားတော့မယ်လို့သိရ ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးပုံဖော်မှာ ဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ကတော့ အောင်ရဲလင်း၊ ရန်အောင်၊ ရဲမင်းပိုင်၊ ခင်ဇာခြည်ကျော်  သင်ဇာဝင့်ကျော်၊ ခင်ဝင့်ဝါတို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ထုတ်လုပ်ရေးကနေ တတိယမြောက် ထုတ်လုပ်ရိုက်ကူးတဲ့ ဇာတ်ကားက သူ့ချစ်သူရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးဖြစ်ကြောင်းကို ခင်ဇာခြည်ကျော်က ….

 “သူရေးတဲ့ ဇာတ်လမ်းလေ။သူရေးတဲ့ဇာတ်လမ်းဆိုတော့ သူက ဒီရုပ်ရှင်လောကမှာလည်း ဘောက်စင်နဲ့ ပတ်သက်ပြီးတော့ မရိုက်ကြသေး ဘူးပေါ့နော်။ အဲဒီတော့ မြန်မာ့လက်ဝှေ့နဲ့ ဘောက်စင်နဲ့ကို ရောပြီးတော့ ဒရာမာလေး ရေးထားတာပါရှင့်။ သူကဝါသနာပါတာ သူ့ဟာသူရေး တာပါ။ သူအကုန်လုံးပြီးစီးတဲ့ဇာတ်လမ်းကို အစ်မက နောက်က ဆက်လုပ် ပေးရမှာပေါ့နော်။ သူကအခုလောလောဆယ်မှာတော့ အဝေးကပဲ ပံ့ပိုး ပေးနေရတာပေါ့။ သူကတော့အဝေးကနေ ချန်နယ်လေးတွေကနေပြန် ကြည့်မှာပေါ့နော်။ အခုရုံတင်တော့မယ့် “ဓားဖိုးကင်း”ဇာတ်ကားလည်း သူစီစဉ်တာလေ။ ဒီဇာတ်ကားအတွက်လဲသူက ကိုယ့်ထက်တောင် ပိုစိတ်လှုပ်ရှားနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဝေးမှာနေတဲ့ သူဆိုတော့ စိတ်ပူတယ်လေ။ ပြီးတော့သူ့အနေနဲ့က အနုပညာကိုတော် တော်ဝါသနာပါတယ်လို့ပြောရမယ်။ အဲဒါကြောင့်လည်း အစ်မနဲ့ ဆုံတာ ထင်တယ်။ သူလည်း အနုပညာဝါသနာပါတယ်။ ကိုယ့်အလုပ်တွေကိုလည်း တွဲလုပ်သွားလို့ရတယ်ဆိုတော့ အစ်မအနေနဲ့ အဆင်ပြေတာပေါ့နော်” လို့ပြောပြ ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေကို အမြင်ဆန်းစေမယ့် ဇာတ်ကား တစ်ကားဖြစ်လာမှာဖြစ်ကြောင်း ခင်ဇာခြည်ကျော်ကပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here