အသက်၃ဝမှာ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ ခင်ဝင့်ဝါ

0
199

ဖေဖော်ဝါရီလ၁၄ရက်နေ့ ချစ်သူများနေ့မှာ လက်ဆောင်တွေအများကြီးရရှိခဲ့ပြီး လတ်တလော အချစ်ရေးကတော့ အေးဆေးပဲလို့ ဖွင့်ဟလာတဲ့ ခင်ဝင့်ဝါက….

အသက် ၃ဝ အရွယ်ရောက်ရင် အိမ်ထောင် ပြုဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။”ချစ်ခြင်းကျတော့ အေးချမ်းတယ်။ ၅၂၈ပဲဖြစ်ဖြစ်၊ ၁၅ဝဝပဲ ဖြစ် ဖြစ်အေးချမ်းတယ်၊မုန်းတာကတော့ ပူလောင်တာပေါ့၊ ချစ်တာကကောင်းတယ်။ ညီမကတော့ ချစ်သူပုံစံ ဘယ်လိုပုံစံလဲဆိုပြီးတော့ မသတ် မှတ်ထားပါဘူး။ ကံတရားပေါ့။ ကံစီမံရာပေါ့။ ကိုယ်ကမျှော်လင့် တိုင်းလည်း ဖြစ်ချင်မှ ဖြစ်လာတာ ဆိုတော့ အများကြီးလည်း မမျှော် လင့်ဘူး။ မျှော်လင့်တိုင်းဖြစ်မလာရင် ကိုယ်ပဲခံစားရမှာ။ ညီမတို့အိမ်က တော့ ညီမကို အသက်၃ဝရောက်ရင် အိမ်ထောင်ပြုဖို့တော့ပြောထားတယ်။  ကိုယ်လည်း အသက်၃ဝ ရောက်မှ အိမ်ထောင်ပြုဖြစ်မှာပါ၊ ရရင်တော့ယူမယ်။  မရရင်တော့ အပျိုကြီးပဲလုပ်မယ်” လို့ပြောပါတယ်။

လတ်တလောမှာ ကြော်ငြာရိုက်ကူးမှုတွေ လက်ခံထားပြီး မတ်လထဲမှာတော့ ဒါရိုက်တာကျော်သားကြီး ရိုက်ကူး မယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် တရုတ်ပြည်နယ်စပ်မှာ အောင်ရဲလင်းနဲ့အတူသွားရောက် ရိုက်ကူးဖို့ရှိ ကြောင်းသိရ ပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ရိုက်ကူးလာတဲ့ ခင်ဝင့်ဝါ က သူရောက်ရှိနေတဲ့ နေရာအပေါ်မှာတော့ ကျေနပ်အားရမှုတော့ မရှိသေးကြောင်းပြောပါတယ်။ “အခုနောက်ပိုင်းမှာ ညီမဆီလာတဲ့ ဇာတ်တွေဆို အချစ်ဇာတ်တွေလာအပ်တာများတယ်။ ညီမတို့အနေ အထားနဲ့ကျတော့ ဘယ်လိုဇာတ်မျိုးရိုက်ကူးချင်လည်းဆိုတာ ပြောပိုင်ခွင့်တော့မရှိဘူး။ ကျေနပ် အားရမှုက တော့ ပရိသတ်တွေ ကိုယ့်ကိုချစ်ခင်အားပေးကြတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။  ကျေနပ်တယ်၊ အားရတယ်၊ ကိုယ်ရောက်နေတဲ့ နေရာကိုတော့ကျေနပ်တယ် လို့ တော့ မဟုတ်ပါဘူး။ အများကြီး ကြိုးစား ဖို့လိုသေးတယ်။ ဒီထက်ပိုပြီး အများကြီး ကြိုးစားရဦးမယ်” လို့သူကပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here