ဖန်ပုလင်း

0
216

ဖန် ပုလင်းတစ်လုံး။ ဖန်ပုလင်းထဲမှာ  ဘာမျှမရှိ။ ဖန်ပုလင်းသည် အကြည်ပေါက်သဖြင့် တစ်ဖက်ကို ဖြတ်မြင်နေရသည်။  ဖန်ပုလင်းသည် ငြိမ်သက်လျက်။ ဖန်ပုလင်းသည် အခွံဖြစ်သည်။ ဖန်ပု လင်းသည် ဆလင်ဒါပုံစံဖြစ်သည်။ ထိပ် ဖျားတွင်သေးသွယ်သော ပြွန်သဏ္ဌာန်ရှိ သည်။ ဖန်ပုလင်းမှာ အဖုံးမရှိ။ ဖန် ပုလင်းကို ငှဲ့လိုက်လျှင် ဘာမျှထွက် ကျလာမည်မဟုတ်။ ဖန်ပုလင်း ကျ ကွဲသွားလျှင်လည်း ဘာမျှယိုဖိတ် မည်မဟုတ်။ ဖန်ပုလင်းထဲမှာ ဘာမှ မရှိ။  ဖန်ကိုအရည်ကျို၍ ပုံသွင်းထား သည်။ ပုံသွင်းထားသဖြင့် ပုံသဏ္ဌာန် ရှိသည်။ ဒါပဲ။ ဖန်ပုလင်းကို ပိုင်ဆိုင် ထားသူမှာ ရှေးဟောင်းပစ္စည်းများ ကို စုဆောင်းသူတစ်ဦးဖြစ်သည်။ သူ သည်ပင်လယ်ကမ်းခြေတစ်ခုသို့ ရောက်သွားစဉ် ထိုဖန်ပုလင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 ဖန်ပုလင်းသည် ပင်လယ်ထဲမှာ နေ့ရက်များစွာမျောပါလာသည်။ သူ သည်ထိုဖန်ပုလင်းကို ဆယ်ယူနိုင်ခဲ့ သည်။ ထိုဖန်ပုလင်းထဲ၌ စာတစ်စောင် ပါရှိသည်ဟု ရှေးဟောင်းပစ္စည်းစု ဆောင်းသူကဆိုသည်။ သူပြောပြသမျှ အချက်အလက်မှာဤမျှသာ။ ယခုအခါ ဖန်ပုလင်းသည် ခပ်မှောင်မှောင် အခန်းထဲမှာ သိမ်းဆည်းထားခြင်းခံ နေရသည်။ ခပ်မှောင်မှောင်အခန်း ထဲသို့ မည်သူမျှ ဝင်ရောက်လေ့မရှိ။ ရှေးဟောင်းပစ္စည်းစုဆောင်းသူ သည် ရံဖန်ရံခါထိုအခန်းကိုဖွင့်၍ ဝင်တတ်သည်။ သို့ရာတွင်အခန်းသည် အမြဲတစေသော့ခတ်ကာ ပိတ်ထား လျက်ပင်။  သူသည်ဖန်ပုလင်းအကြောင်း မည်သူ့ကိုမျှ စကားမဟ။ သူသည် သူကိုယ်တိုင်ပင်သိရှိထားခြင်းမရှိ သလိုပင်။  ဖန်ပုလင်းတစ်လုံး။ ဖန်ပုလင်း ထဲမှာ ဘာမျှမရှိပေ။

 နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here