ညီမဖြစ်သူနဲ့အတူ ပရိသတ်တွေကို Surprise လုပ်သွားမယ့် ဝါဆိုမိုးဦး

0
213

ဝါဆိုမိုးဦးက သူ့ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ပွဲဦးထွက်ဇာတ်ကား ဖြစ် တဲ့ ‘ကတ္တီပါ မုန်းတိုင်း’ ဗီဒီယိုဇာတ်ကားလေးကို ဇေရဲထက်နဲ့အ တူရိုက်ကူးနေပါတယ်။ကိုယ်ပိုင်ထုတ်လုပ်ရေးအတွက်ဇာတ်တွေကို ကိုယ်တိုင်ရွေးချယ်ဖြစ်နေပြီး ကိုယ်တိုင်ရိုက်ကူးချင်တဲ့ဇာတ်လမ်းကို  ရိုက်ကူးဖို့အတွက်ထုတ်လုပ်ရေးလုပ်တာဖြစ်ကြောင်း ဝါဆိုမိုးဦး ကပြောပါ တယ်။

ဝါဆိုမိုးဦးရဲ့ညီမဖြစ်သူ သဉ္ဇာကတော့ မကြာသေးခင် ကပဲ အွန်လိုင်းစာမျက်နှာထက်မှာ ပရိသတ်အချစ်တွေရရှိခဲ့ပါတယ်။ညီမဖြစ်သူကို အချိန်တိုလေးအတွင်း ပရိသတ်တွေချစ်ခင် ပေးကြတဲ့အတွက် အစ်မတစ်ယောက် အနေနဲ့ပီတိဖြစ်မိကြောင်းကိုဝါဆိုမိုးဦးက”အမှန် အတိုင်းပြောရရင် သူကအရွယ်ငယ်သေး တယ်။ သူ့ကိုပရိသတ်တွေဝန်းရံလာမယ်လို့ဝါဆို မထင် ထားဘူး၊ သူကကလေးစိတ်လည်း ရှိသေးတယ်လေ။ ဝါဆို စိတ် အထင်သူ ကဒီရက်ပိုင်းအတွင်းမှာပဲ အလှအပက ပိုပြည့်စုံလာ တယ်လို့ ထင်တယ်။ ပြင်တတ် ဆင်တတ်လာတယ်။ facebook တို့ instagram တို့ကို ကလေး တွေ ကြည့်လာ ကြတာဆိုတော့ အဲဒီကမိတ်ကပ်ပြင်ဆင်မှုတွေသူ တို့ကြည့် လာကြတာ ဆိုတော့ ပြင်တတ်ဆင်တတ်လာတယ်။ နေတတ်ထိုင်တတ် လာတယ်။ အဲဒါကြောင့် အလှအပ လေးတွေပြည့်စုံလာ တယ်လို့ထင်တယ်။ ကိုယ့်ညီမ လေးကိုအခုလို ချစ်ခင် ပေးကြတဲ့အတွက်လည်း ပီတိ ဖြစ်မိပါတယ်” လို့ပြော ပါတယ်။

ညီမဖြစ်သူကိုတော့ သူဖြစ်စေချင်တဲ့အတိုင်း အနုပညာ အလုပ် တွေကို အစ်မတစ်ယောက်အနေနဲ့ ဘေးကနေ ကူညီပံပိုးပေးသွားမှာ ဖြစ်တဲ့ ဝါဆိုမိုးဦးက မကြာခင်ရက်ပိုင်းမှာလည်း ညီမဖြစ်သူနဲ့အတူfacebook မှာ surpriseတစ်ခု ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။”သူအနုပညာကိုတကယ် ဝါ သနာပါပြီး လုပ်ချင်တယ်ဆိုရင်တော့ အစ်မတစ်ယောက် အနေနဲ့ ဝါဆိုသိတဲ့ အနုပညာလေးတွေကိုsharing လုပ်ပေးသွား မယ်။ အခုတော့ ကြော်ငြာတွေကမ်း လှမ်းတာ ခံနေရတယ်၊  ရုပ်ရှင်ပိုင်းကျတော့ ရိုက်ကူးဖြစ်လာလို့ရှိရင် ကိုယ်လည်း တတ်သလောက်လေး သူ့ကိုသင်ပြပေးရမယ် ပေါ့။ဒီရက်ပိုင်း အတွင်းမှာပဲ ပရိသတ်တွေကို ထူးခြား တဲ့အစီစဉ်လေးတစ်ခု တော့လုပ်ဖို့ရှိပါတယ်။ facebook ပေါ်တက်လာမှပဲ ကြည့် ပေးပါလို့။ Familyနဲ့ ပတ်သက်ပြီးsurpriseလးဖြစ် အောင်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

 တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here