ဒီဇိုင်နာ အိကျော်ဇင် (VIVID) နှင့် ဂျပန်ဒီဇိုင်းပညာရှင်HIROKO SHIMOTORI တို့ရဲ့ ဖက်ရှင် ရှိုးပွဲကြီး ကျင်းပတော့မည်

0
390

ဒီဇိုင်နာ အိကျော်ဇင် (VIVID)နှင့် ဂျပန်ဒီဇိုင်းပညာရှင် HIROKO SHIMOTORI တို့ရဲ့ ဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ပြသဖို့အတွက် ဖက်ရှင်ရှိုးပွဲကြီးကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ညနေ ၆ နာရီအချိန်မှာ LOTTE HOTEL ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ ပွဲပြုလုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီး ဒီဇိုင်နာအိကျော်ဇင်က ”အစ်မရဲ့ vivid ကနှစ်ပေါင်း ၁၄ နှစ်ရှိပြီ။ ပွဲတစ်ပွဲအနေနဲ့ သေသေချာချာ ဘာမှမလုပ်ဖြစ်သေးဘူး။ အဲဒါ့ကြောင့် အစ်မအမှတ်တရအနေနဲ့ လုပ်ချင်တာရယ်၊ အစ်မဆိုင်ကို လာပြီးအားပေးတဲ့ အစ်မ customer တွေကို အစ်မကျေးဇူးဆပ်ချင်တယ်။ ပြီးတော့ အမှတ်တရ ဖြစ်ပေးစေချင်တဲ့အတွက်ကြောင့် ဒီရှိုးလေးကို လုပ်ချင်တယ်။ အစ်မနောက်ပိုင်းကျရင်လည်း ဂျပန်ဒီဇိုင်နာနဲ့ပေါင်းပြီး Fashion school  တွေလည်း ဖွင့်ဖို့ အစီအစဉ်တွေရှိ တဲ့အတွက်ကြောင့် သူ့ကို အစ်မက မြန်မာပြည်မှာ သူ့ဒီဇိုင်းတွေကို လာပြဖို့အတွက် ကမ်းလှမ်းထားတာပါ။ အစ်မတို့ vivid နဲ့ ဂျပန်ဒီဇိုင်နာ HIROKO SHIMOTORI ရဲ့ ဒီဇိုင်းတွေနဲ့ ပူးပေါင်းပြီး ဖက်ရှင်ရှိုးတစ်ခုပြုလုပ်တာပါ” လို့ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here