ဂီတဝါသနာပါသူတွေအတွက် Academy of Rock ဂီတသင်တန်းကျောင်းဖွင့်ထားတဲ့ ဟန်နေလွင်လွင်

0
249

အနုပညာလောထဲသို့ အဆိုပိုင်းနဲ့ဝင်ရောက်လာခဲ့တဲ့ အဆိုတော် ရင်ဂိုရဲ့သမီး၊ အဆိုတော်ဟန်ထူးလွင်ရဲ့ ညီမဖြစ်သူ အဆိုတော် ဟန်နေလွင်လွင်ရဲ့ တေးစီးရီးမိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကYangon Bar မှာ ကျင်းပခဲ့ပါတယ်။ ကိုယ်ပိုင်Brand နဲ့ တေးစီးရီးခွေထုတ်ဖြစ်တဲ့အကြောင်းအရင်းကိုလည်း ဟန်နေလွင်လွင်က . . .

“ဟန်နေရဲ့ တစ်ကိုယ်တော်အခွေလေးကို ဒီနေ့မှာ မိတ် ဆက်ပွဲပြုလုပ်ခဲ့တယ်။ ဒီအခွေထဲမှာ ကျားပေါက်က သီချင်း ၅ ပုဒ် ရေးပေးထားတယ်။ ဆရာစောခူဆဲရယ်၊ ဆရာနောင် နောင်(Sunflower)ရယ်၊ ညီမတို့ရေးထားတာရယ် အားလုံး ပေါင်း သီချင်း ၁၂ ပုဒ်ပါပါတယ်။ ဒီအခွေလေးကို အပင်ပန်းခံ ပြီးလုပ်ထားပါတယ်။ အကုန်လုံးကလည်း ကူညီတဲ့အတွက် ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။  အဆိုတော်ဟန်နေလွင်လွင်ဟာ စင်ကာပူမှာ ဂီတနဲ့ပတ်သက်ပြီးပညာသင်ကြားခဲ့သလို မြန်မာ ပြည်ပြန်ရောက်တော့လည်းAcademy of Rock Myanmar ဆိုပြီး သင်တန်းကျောင်း ဖွင့် ဖြစ်ပုံကိုလည်း ဟန်နေလွင်လွင်က . . .

“ညီမစင်ကာပူမှာ ဂီတနဲ့ပတ်သက်တဲ့ ကျောင်းပြီးခဲ့တယ်။ ကျောင်းပြီးတော့Academy of Rock ဆိုပြီး ၅ နှစ်နီး ပါး music instructor လုပ်ခဲ့တယ်။ အခုမြန်မာပြည် ကို ပြန်ရောက်တော့ Academy of Rock ဆိုပြီး သင်တန်းကျောင်းလေးဖွင့်ဖြစ်ခဲ့တယ်။ အခုမြန်မာ ပြည်မှာရှိတဲ့ ဂီတကို ဝါသနာပါတဲ့သူတွေအတွက် ဒီသင်တန်းကျောင်းလေးဖွင့်ဖြစ်တယ်။ သင်တန်း ကတော့ လူသိပ်မသိသေးဘူး။ ဒါပေမဲ့ ကြိုးစား ပြီးတော့ ဒီသင်တန်းကျောင်းလေးမှာလာတက်ရင် ဘယ်လိုဂီတတွေသင်ယူရမလဲ။ ဂီတနဲ့ပတ်သက် တဲ့ အရာတွေနဲ့ပတ်သက်ပြီး အကောင်းဆုံး နားလည်နိုင်အောင်သင်ကြားပေးမယ်။ အဲဒီလို ရည်ရွယ်ချက်လေးနဲ့ဖွင့်ဖြစ်တာပါ။ ဒီသင်တန်း ကျောင်းလေးမှာ ရော့ခ်ဂီတနဲ့ပတ်သက်တဲ့အရာ တွေ၊ အတီးပိုင်း၊ အဆိုပိုင်းတွေ အကုန်လုံး လေ့ လာလို့ရမှာပါ”လို့ ပြောပါတယ်။  လက်ရှိမှာတော့ အဆိုတော် ဟန်နေလွင် လွင်ဟာ သင်တန်းကျောင်းနဲ့ပတ်သက်ပြီး ပြင် ဆင်နေတယ်လို့ဆိုပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here