၂ဝ၁၈ ခုနှစ်ထဲမှာ မင်္ဂလာပွဲပြုလုပ်မယ့် အဆိုတော် ၀န

0
342

လတ်တလောမှာ အဆိုတော်ဝန က ၃နှစ်လောက်ကြန့်ကြာတဲ့တေးစီး ရီးခွေကို စီစဉ်နေတာဖြစ်ပြီး သူ့ အနေနဲ့ ကျန်းမာရေးအခြေအနေ ကြောင့်အခွေထုတ်ဖို့ကြာခဲ့တယ်လို့ သိရပါတယ်။ ဝနကျန်းမာရေး အခြေ အနေကို ဆက်လက်မေးမြန်းရာ မှာတော့….

“ကျွန်တော်အခုလတ်တ လော အခွေထုတ်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော်အခွေထွက်ဖို့ကြာနေတဲ့ အဓိကအကြောင်းရင်းက ကျန်းမာ ရေးမကောင်းလို့ပါ။ ကျွန်တော်လည် ချောင်းနည်းနည်းထိခိုက်သွားတဲ့ အတွက် ဆရာဝန်က ၆လလောက် နားခိုင်းထားတယ်။ ကျွန်တော်က မ နားဘဲအလုပ်တွေဆက်တိုက်လုပ် ဖြစ်နေတယ်”လို့ ပြောပါတယ်။

ဝနက ၂ဝ၁၈ခုနှစ်ထဲမှာ အဆို တော်တစ်ယောက်နဲ့ လက်ထပ်တော့ မယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း “ကျွန်တော့်ချစ်သူနဲ့ ဒီနှစ်ကုန်လောက် မှာ မင်္ဂလာဆောင်ဖြစ်မယ်ထင်တယ်။ ကျွန်တော့်ချစ်သူက အဆိုတော်အောင်း နီပါ။ သူ့ရဲ့ဖေဖော်ဝါရီလမှာထွက် မယ့် ‘ပျံသန်းလိုက်’ ခွေထဲမှာလည်း သီချင်း ၆ပုဒ်လောက်ရေးပေးထားပါ တယ်။ ကျွန်တော်ရေးပြီးသား သီချင်း တွေကိုပဲ အောင်းနီပြန်ဆိုထားပါတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့အတွက် နားလည် မှုတွေလည်းရှိပါတယ်။ မင်္ဂလာဆောင် နီးရင်ပရိသတ်ကိုပြောပါမယ်”လို့ ဝနက ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here