ဦးလေးဖြစ်သူလို အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်အောင် ကြိုးစားမယ့် ရွှေတံဆိပ် နှစ်ဆုရှင် ကောင်းစစ်မင်း

0
245

မြို့ရွှေမန်းသားဖိုးချစ်ရဲ့တူ၊ ကိုမင်းမင်းရဲ့သားဖြစ်တဲ့ ကောင်းစစ်မင်းက သဘင်မင်းသားတစ်ဦးအဖြစ် ပရိသတ်တွေ ကို ကပြဖျော်ဖြေနေပြီဖြစ်ပါတယ်။ ကောင်းစစ်မင်းက ၄ နှစ်သားအရွယ်ကတည်းက စတင်ကပြခဲ့တာဖြစ်ပြီး သူဟာ နိုင်ငံတော်ရွှေတံဆိပ်၂ ဆုရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဦးလေးဖြစ်သူ ဖိုးချစ် ဇာတ်စင်ရှေ့မှာကပြနေတာကို ဇာတ်စင် နောက်ကနေကြည့်ရင်း ကပြဖြစ်နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဇာတ်စင်ပေါ်မှာ ဦးလေးနဲ့အတူတူကပြဖြစ်ခဲ့ တယ်လို့သိရပါတယ်။

”စခဲ့တာကပဲခူးပွဲမှာစကခဲ့တာပါ။ စကတုန်းက သားအရွယ်နဲ့ မင်းသားအင်္ကျီကလည်းမရှိဘူးလေ။အဲဒါနဲ့ မောင်ရှင်လောင်းအင်္ကျီနဲ့ပဲ တက်ခဲ့တာပါ။ လွဲတာမျိုးတော့မရှိခဲ့ဘူး။ ဦးလေးကတာကို သားက အမြဲတမ်းကြည့် ဖြစ်တော့ နားရည်ဝနေပြီပေါ့” လို့ ကောင်းစစ်မင်းက ပြောပါတယ်။ ဖခင်ဖြစ်သူ ကိုမင်းမင်းကတော့ သားဖြစ်သူကို ကျောင်းပိတ်ရက်တွေမှာ ကပြခွင့်ပြုခဲ့ပြီး ကျောင်းစာကိုသာ အဓိကလုပ်ခိုင်းဖြစ်တယ်လို့ သိရပါတယ်။ သားဖြစ်သူကို ညီဖြစ်တဲ့ဖိုးချစ်လိုပဲ အောင်မြင်တဲ့သဘင် မင်းသားတစ်ဦးဖြစ်စေချင်ပြီး ၁ဝ တန်းအောင်ပြီးသွားရင်တော့ ဇာတ်ပိုင်းက ခိုင်းဖြစ်မယ်လို့ ကိုမင်းမင်းက ပြောပြပါတယ်။ ကောင်းစစ်မင်းကလည်း အသက်အရွယ်ကြီးလာတဲ့အခါမင်းသားပဲ လုပ်ဖို့စိတ်ကူးထားပြီး ပညာရေးဘက်ကိုလည်း မလစ်ဟင်းရအောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

”ကျွန်တော်ကကျောင်းအားရင် ဦးလေးနဲ့ပဲ လိုက်ကတာများ တယ်။ တစ်လနှစ်လလောက်ကတော ဂစ်တာတွေဘာတွေသင်တယ်။ ဆိုကရေးတီးပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့တယ်။ အသက် ၆ နှစ် သားတုန်းက ရွှေတံဆိပ်တစ်ခု၊ ၈ နှစ်သားတုန်းက ရွှေတံဆိပ်တစ်ခု ရခဲ့ပါတယ်။ ပြိုင်ပွဲဝင်ပြိုင်တုန်းကလည်း ဦးလေးက ပြောပြတယ်။ ဦးလေးကအသေအချာ သင်ပေးတယ်” လို့ ကောင်းစစ်မင်းက ပြောပါတယ်။ သူ့အနေနဲ့ကတော့ ဆရာဝန်ဖြစ်ချင်စိတ်ရှိပြီး ဖြစ် အောင်လည်း ကြိုးစားသွားမှာဖြစ်သလို သဘင်မင်းသားတစ် ယောက်အနေနဲ့လည်း ဦးလေးဖြစ်သူလိုပဲ အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

”ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဦးလေးကိုရော၊ သားတို့ကိုရော အားပေးတာကျေးဇူးအများကြီးတင်ပါတယ်” လို့ ကောင်းစစ်မင်း က ပြောပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here