ဇာတ်ကားရိုက်ကူးနေတဲ့ ရွှေထူးအပေါ် သူငယ်ချင်းဖြစ်သူ Y.zet ရဲ့အမြင်

0
270

ဖေဖော်ဝါရီ ၂၄ က ထွက်ရှိခဲ့တဲ့ ရွှေထူးရဲ့ အခွေမှာ Y.zet တို့က သူငယ်ချင်းဆိုတော့ ထုံးစံအတိုင်း ဘေးကနေ ဝိုင်းကြ၊ ဝန်းကြတာပေါ့။ ရွှေထူးရဲ့အခွေထဲမှာလည်း ရွှေထူး၊ Oasix ၊ Y.zet ၃ယောက်တွဲ သီချင်းသစ်ကို ဆက်လက်နားဆင်ခံစားကြရဦးမှာပါ။ Y.zet က ပြောရာမှာ သူတို့ သူငယ်ချင်း ၃ယောက်ကတော့ မရိုးသွားအောင်ဆိုတာမျိုးမဟုတ်ဘဲ အနုပညာရဲ့စေစားရာအတိုင်း ပုံဖော်ဖြစ်တာပေါ့လို့ဆိုပါတယ်။

”ကျွန်တော်ရယ်၊ Oasix ရယ်၊ ရွှေထူးရယ် ၃ယောက်တွဲ သီဆိုထားတာပေါ့။ ငါတို့ ၃ယောက် အတည်လည်း မဆိုတာကြာပြီ။ မျက်နှာပဲပတ်ပြောင်နေတာဆိုတော့ အတည်ဆိုကြမယ် ဆိုပြီးတော့ အတည်ဆိုဖြစ်သွားတာပါ” လို့ Y.zet ထံမှ သိရပါ တယ်။ ရွှေထူးက အခုဆို သီချင်းဆိုတဲ့အပြင် ရုပ်ရှင်ပါရိုက်ကူးနေပြီ။ Y.zet တို့ ဆို အထူးပွဲပြသတုန်းက သူငယ်ချင်းကို လာအားပေးဖြစ်တာဆိုတော့ ရွှေထူးရဲ့ သရုပ်ဆောင်မှုတွေကို ဘယ်လိုမြင်သလဲလို့မေးတော့-

”ပွင့်ပွင့်လင်းလင်းပြောတာပါ။ ကျွန်တော်တို့က ရုပ်ရှင်ရိုက်တယ် ဆိုတာကိုလည်း အပြင်မှာ မမြင်ဖူးဘူး။ ပိုဆိုးတာက ကိုယ့်သူငယ်ချင်း က သရုပ်ဆောင်နေတယ်ဆိုတော့ ကျွန်တော့်မျက်လုံးထဲမှာ အဆင် မပြေဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ Press Show လိုက်ကြည့်တဲ့ အခါမှာတော့ သူလုပ်နိုင်တာတွေထက် ပိုပြီးတော့ ကြိုးစားထား တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သူငယ်ချင်းဖြစ်တဲ့ အတွက် သူဘယ်လောက်လုပ်နိုင်သလဲဆိုတာ ကျွန်တော် မြင်တယ်။ သူလုပ်နိုင်တာထက်ကို ပိုပြီးလုပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကလည်း သူ့ရဲ့ ဒုတိယအနုပညာကိုသွားနေတာဖြစ်တဲ့အတွက် အများကြီးတော့ သူလည်း လိုအပ်ဦးမှာပါ” လို့ Y.zet ကပြောပါတယ်။ Y.zet ဆိုရင် ‘ဇ’ အယ်လ်ဘမ်ထွက်ထားတာ ၈လလောက်ရှိပြီဆိုတော့ ဒီကြား ထဲမှာ Music Video တစ်ပုဒ်ချင်းစီ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရော်ဖက်ရှင်နယ်အဆိုတော် တစ်ယောက်အဖြစ် ရပ်တည် လာတဲ့အခါ ကိုယ်ရရှိတဲ့အနုပညာကြေးတွေကို ဘယ်လိုပြန် အသုံးပြုသလဲ ဆိုပြီး မေးတော့-

”အနုပညာကြေးကို ဘယ်လိုသုံးသလဲဆိုတော့ ကျွန်တော့်မှာ အမေ ရယ်၊ ညီမလေးရယ်ပဲရှိတော့တာပေါ့နော်။ အဲဒီအတွက်ကို အမေနဲ့ ညီမလေးရယ်အတွက် သုံးပါတယ်။ ကျွန်တော့်အတွက်လည်း ကျွန်တော် သုံးပါတယ်။ ပြီးတော့ ကျွန်တော်တို့ မြူးဇစ်ကို ပြန်ပြီးတော့မှ မြှင့်တင်နိုင် မယ့်ဟာမျိုးလေးတွေမှာ သုံးပါတယ်” လိုY.zet ကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here