ကချင်ပြည်နယ်က မမေ့နိုင်လောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်လောက်အောင် လှပပါတယ် အမွန်း

0
115

Music Video တစ်ပုဒ်ရိုက်ကူးရတဲ့ စရိတ်စကများပြားလှတဲ့ အခြေအနေမှာရှိနေပေမယ့်လည်း အခုခေတ်မှာ Music Video ကို အခွေလိုက်ထွက်တဲ့ အဆိုတော် ဆိုတာ သိပ်မရှိတော့တဲ့ အခြေအနေဖြစ်လာပါတယ်။ အဆိုတော် အများစုက Audio CD အရင်ထွက်တယ်။ ပြီးရင် အခွေထဲက သီချင်းတစ်ပုဒ်ချင်းစီကိုMusic Video ရိုက်ကူးပြီး ဖေ့စ်ဘုတ်ပေါ်တင်လာ ကြတာများပါတယ်။

အမွန်း ဆိုရင်လည်း သိပ်မကြာသေးခင်ကမှထွက်ရှိထားတဲ့ တတိယတစ် ကိုယ်တော်အခွေ’Very Dangerous’ ကို Music Video ရိုက်ကူးပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဖြစ်နေတာတွေ့ရပါတယ်။

“Very Dangerous ကတော့ အမွန်းတစ်ပုဒ် ချင်းစီပဲ တင်ထားတာ ၅ပုဒ်လောက်ရှိပြီI’m Sorry’ ‘Little Butterfly’  ‘ဂျိမ်းဖော’၊ ‘အဝေး’ ၊ ‘ငါသိတဲ့Remix’ အဲဒီသီချင်း တွေကတော့ အမ်တီဗီရိုက်ကူးပြီး တစ်ပုဒ်ချင်း ထွက်ထားပြီးပြီဆိုတော့အမွန်းထင်ပါတယ်။ တစ်ပုဒ်ချင်းစီရိုက်ကူးပြီး တင်သွား ဖို့အတွက် ရာခိုင်နှုန်း များပါတယ်” လို့ အမွန်းကပြော ပါတယ်။

အမွန်းရဲ့ ‘Very Dangerous အခွေ ထဲက ‘ဂျိမ်းဖော’ သီချင်းက အပေါက်ဆုံးဖြစ်နေပါတယ်။ ‘ဂျိမ်းဖော’ သီချင်းရေးဖြစ် ပုံကို ပြောပြပေးပါဦး လို့ဆိုတော့…

 “အမွန်းဂျိမ်းဖောကိုရေးဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂နှစ် လောက်ကပေါ့။ ကချင် ပြည်နယ်ဆို လို့ရှိရင် သိပ်မရောက်ဖူးဘဲနဲ့ မလုံခြုံတဲ့နေရာ လို့ပဲထင်နေ ကြတယ်။ အခြေအနေအရကလည်း အဲဒီလိုမျိုး တွေဖြစ်နေသလို သူတို့ကြားနေရတာကိုး။ အမွန်းက မဟုတ်ဘူး။ ကချင်ပြည်နယ် ဆိုတာ တကယ်တော့ Culture တွေလည်းပြည့်နှက်နေတယ်။ တကယ်တမ်းလာ လည်းလို့ရှိရင် ကချင်ပြည်နယ်က မမေ့နိုင်လောက်တဲ့ ခရီးစဉ်တစ်ခုဖြစ် လောက်အောင်လှပပါတယ် ဆိုတာကို ဖော်ကျူးချင်တဲ့ အတွက်ကြောင့် အမွန်းလွန်ခဲ့တဲ့ ၂နှစ်လောက် ကတည်းက ရေးထားပြီးသား။ အဲဒါကိုအခု Very Dangerous Album ကျမှပဲ ထည့်ဖြစ် တယ်။

အဲဒါကိုMusic Video ပုံဖော်ရိုက် ကူးပြီးတင်ဆက်ဖြစ်တာပါ”လို့ အမွန်းကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here