ညောင်ဦးဖီးကျွန်းက Music Video ရိုက်ကူးရေး အမှတ်တရတွေနဲ့ Ar.T

0
170

မြန်မာနိုင်ငံရဲ့ လှပတဲ့ကမ်းရိုးတန်းတွေဆီ Music Video ရိုက်ရင်းခြေဆန့် ခဲ့တဲ့ အဆိုတော် Ar.T တစ်ယောက် သူ့သီချင်းတွေကို Music Video နဲ့ တွဲပြီး ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

”ကျွန်တော် အခွေထုတ်ဖို့ ကြိုးစားနေပါတယ်။ FG က ရိုက်ကူးထားတဲ့ Music Video တွေချည်းပဲ။ လုံးဝ ကွာလတီမတူတဲ့ဟာချည်းပဲ တစ်ခွေပေါ့။ အဲဒီ တစ်ခွေကို အမြန်ဆုံး ထွက်ဖြစ်နိုင်အောင်ကြိုးစားနေပါတယ်” လို့ Ar.T ကပြောပါတာယ်။ သူကိုယ်တိုင် သွားရောက်ခဲ့တဲ့ ရိုက် ကူးရေးခရီးစဉ်အကြောင်းကိုတော့ Ar.T က –

”ကျွန်တော်အခု ကော့သောင်းဘက်က ညောင်ဦးဖီး ကျွန်းမှာ ကျွန်တော့် Music Video ကို ၄ ညအိပ် ၅ ရက်ခရီး သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ထိုင်းမင်းသမီး ကရဗီရယ်၊ နောက် Miss World ရတဲ့ Bella ရယ်၊ ရိုလာဆိုတဲ့ မော်ဒယ် ရယ်၊ ကျွန်တော်ရယ်ပေါ့။ သီချင်း ၃ပုဒ်ရိုက်ကူးခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အလှတွေကို တခြားနိုင်ငံကလည်း သိအောင်ပေါ့ နော်။ ညောင်ဦးဖီးကျွန်းက ရိုက်ကူးလိုက်ပြီဆိုရင် ထိုင်းကပဲ လာရိုက်ကူးသွားတာများတယ်။ အလှအပတွေချည်းပဲဆိုတော့ ကျွန်တော်တို့လည်း ရိုက်ကူးပြချင်တယ်ဆိုပြီးတော FG Entertainment က Phillipine ဒါရိုက်တာနဲ့ သွားရောက်ရိုက်ကူး ထားတာပါ” လို့ ပြောပါတယ်။ သူငယ်ချင်းဖြစ်တဲ့ ထိုင်းမင်းသမီး ကရဗီ နဲ့ ပုံရိပ်တွေကို ဖေ့စ်ဘုတ်ခ်မှာ တင်တယ်နော်၊ ပြီးတော့ ကရဗီက ‘ညမွှေးပန်း’သီချင်းကို အလွတ်ရနေတယ်နော်။ အဲဒီအကြောင်းလေး ပြောပါဦးလို့ဆိုတော့- ”အခုကတော့ Emily ဆိုပြီး သိကြတယ်ပေါ့။ သူနဲ့ လွန်ခဲ့တဲ့ ၃ နှစ် သင်္ကြန်မှာဆုံကြတယ်။ အဲဒီသီချင်းကို သူကြိုက် တယ်။ နောက်ပိုင်း ရှိုးပွဲတွေဘာတွေမှာ သူနဲ့ ဆုံဖူးတယ်။ အဲဒီသီချင်း ကို သူအလွတ်ရနေတယ်။ သူ့ဖုန်းထဲမှာလည်း အဲဒီသီချင်းရှိတယ်။ ညောင်ဦးဖီးကျွန်းမှာ ညနေဘက် စားကြ၊ သောက်ကြရင်း အပြန် သူက အဲဒီသီချင်းလေးကို ဆိုနေလို့ ကျွန်တော့်ဖုန်းလေးနဲ့ ကောက် ရိုက်လိုက်တာ။ ပြီးတော့ ဟာသအနေနဲ့တင်တဲ့အခါမှာ ပရိသတ်တွေ အလွန် သဘောကျကြတာတွေ့ရပါတယ်” လို့ Ar.T ကပြောပြခဲ့ပါ တယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here