အက်ရှင် ဇာတ်ကားတွေ ရိုက်ကူးချင်ကြောင်း သရုပ်ဆောင် ညီထွဋ်ခေါင် ဖွင့်ပြောလာ

0
136

တော့လတ်တလောမှာ သရုပ်ဆောင်ညီထွဋ်ခေါင်က ဒါရိုက်တာတွေ ကမ်းလှမ်းလာတဲ့ ကာရိုက်တွေရိုက်ကူးနေရပေမယ့် သူရိုက်ကူးချင်တဲ့ ကာရိုက်တွေရှိကြောင်းပြောပါတယ်။ဒါပေမဲ့ သူ့အနေအထားနဲ့ဇာတ်လမ်းရွေးချယ်မှုတွေမရှိပေ မယ့် သူရိုက်ကူးချင်တဲ့အကြောင်းကိုတော့..

“ကျွန်တော်တို့အနေနဲ့ ဇာတ်လမ်းရွေးချယ်မှုမရှိသေးဘူးလေ။ ကာရိုက်တာက ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့အတွက်လည်း အခွင့်ရေးလည်းမရှိသေးဘူး။ကိုယ် ကလည်း ဒီလမ်းကြောင်းပေါ် ရပ်တည်နေရတဲ့ အတွက် ကမ်းလှမ်းလာ တဲ့အပေါ်မှာ ကျွန်တော်အကောင်းဆုံး ကြိုးစားတယ်။ ရင်ထဲမှာ ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာ အများကြီး တော့ရှိပါတယ်။ လုပ်ဖို့အခွင့်အရေးတော့မရသေးတာပါ။ ကိုယ်ကသရုပ်ဆောင် ဖြစ်နေပေမယ့် ဇာတ်လမ်းရွေးချယ်ခွင့်မရှိဘူး။ ဒါပေမဲ့ အခွင့်အရေးလေးများကြုံလာရင် ဒီလိုလေးလုပ်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက် ကလေးတော့ရှိတယ်။ကျွန်တော်ရိုက်ချင်တဲ့ ကာရိုက်တာတွေက အက်ရှင်ဇာတ်လမ်းတွေရိုက်ကူးချင် တယ်။ ဒါပေမဲ့လည်း ကိုယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာလေးတွေ လာငှားရင်လည်းရိုက်ကူးဖြစ်တယ်။

အက်ရှင် ဇာတ်လမ်းတွေ ရိုက်ကူးဖို့အတွက်လည်း ကျွန်တော်အမြဲတမ်း ကစားဖြစ်နေတယ်” လို့ပြောပါတယ်။  အခုလတ်တလောမှာ သရုပ်ဆောင်တော်တော်များများက ဗီဒီယို ဇာတ်ကားရိုက်ကူးမှုတွေ နည်းလာပေမယ့် သရုပ်ဆောင်ညီထွဋ်ခေါင်ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတဲ့အကြောင်းကိုတော့ အခုလို့ပြောပြခဲ့ ပါတယ်။ “အခုခေတ်က ဗီဒီယိုဈေးကွက် ပျက်သလောက်ရှိပေမယ့်လည်း ဗီဒီယိုမရှိရင်လည်းမဖြစ်သေးဘူး။ကျွန်တော် ဗီဒီယိုလည်းရိုက်ကူးဖြစ်နေတယ်။ရုပ်ရှင်တွေလည်း ရိုက်ကူးသွားမယ်။ဗီဒီယို ဇာတ်ကားတွေလည်းပုံမှန်ထွက် ဖို့ရှိပါတယ်။ပြီးတော့ ကျွန်တော်အခု ဇီးရိုးနဲ့ဟီးရိုး ရုပ်ရှင်ဇာတ်ကားကြီးကို ကိုပြေတီဦးတို့နဲ့အတူ ရိုက်ကူးနေ ပါတယ်” လို့ ပြောပါတယ်။

ချယ်ရီ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here