နိုင်ငံတကာအထိ အနုပညာအရည်အသွေးပြသသွားမယ့် ဒါရိုက်တာ ခရစ္စတီးနားခီ

0
60

အခုလတ်တလောမှာ ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ရာကနေ ပရိသတ်ရဲ့အားပေးမှုကို ရရှိလာတဲ့ ဒါရိုက်တာ ခရစ္စတီးနား ခီဟာ အမေရိကမှာ ၁၄ နှစ်ကြာ နေထိုင် ခဲ့ပါတယ်။ အမေရိကားမှာ ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ Lifestyle လေး ကို ခရစ္စတီးနားခီက အခုလိုပြောပြ ခဲ့တာက …

”အစ်မကရန်ကုန်သူပါ။ ရန်ကုန် မှာ ၁၂ နှစ်၊ ၁၃ နှစ်ရွယ် ကတည်းက နေခဲ့တယ်။ ပြီးတော့ အမေရိကား ရောက်လာတယ်။ အမေရိကားမှာပဲ ကြီးပြင်းခဲ့တယ်။ ဒါရိုက်တာပညာကို လည်း အမေရိကားမှာပဲ သင်ယူခဲ့တယ်။ သူ(ဇာဏ်ခီ)နဲ့စတွေ့တာ နယူးယောက်ခ်မြို့မှာ စတွေ့ခဲ့တာ ပေါ့။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ မင်္ဂလာဆောင်ခဲ့တယ်။ ပြီးတော့ သူနဲ့ဘဝသစ်လေးတစ်ခု တည်ထောင်ခဲ့တယ်။ မုဒြာရဲ့ခေါ်သံ မရိုက်ကူးခင် ဗီဒီယိုဇာတ်ကားလေး တစ်ကား ရိုက်ကူးခဲ့တယ်။ အဲဒါ ရိုက်ကူးပြီးမှ မုဒြာရဲ့ခေါ်သံကို ရိုက်ဖြစ် ခဲ့တယ်။ အဲဒါကတော့အမေရိကားမှာ နေခဲ့တဲ့ပုံစံလေး တွေ ပေါ့နော်။ အခုတော့ မြန်မာပြည်ကိုပြန်ရောက်ပြီး အေး အေး ဆေးဆေးပဲဘဝကို ဖြတ်သန်းတော့မယ်”လို့ ပြောပါ တယ်။ သူတို့မိသားစုက အနေအေးတဲ့မိသားစုထဲမှာ ဖြစ်မှာ ပါ။ အပေါင်းအသင်းမိတ်ဆွေတွေနည်းနည်းပဲရှိတယ်လို့ သိရပါ တယ်။

”အစ်မတို့က အမှန်အတိုင်း ပြောရရင် အေးတဲ့မိသားစု ထဲမှာပါတယ်။ အစ်မတို့နေပုံထိုင်ပုံကလည်း အနုပညာလုပ် လို့သာ လုပ်ဖြစ်တာပါ။ သိပ်ပြီးသွားလာ လှုပ်ရှားတာတွေလည်း မရှိဘူး။ အပေါင်းအသင်းတွေလည်းမများဘူး။ အေးဆေးပဲနေတဲ့ မိသားစုထဲမှာပါတယ်။ အဲဒီတော့အနုပညာအလုပ် လုပ်တဲ့ အချိန် မှာကလေးကိုဘယ်သူမှဂရုစိုက်တဲ့သူမရှိဘူးဖြစ်နေတယ်။ အဲ့တော့ ကလေးကတစ်ယောက်တည်းဖြစ်နေတယ်။ သားလေးကမိဘက သိပ်တာ ကိုကြိုက်တယ်။ ကျောင်းကြိုတာ ကိုကြိုက်တယ်။ အဲဒီ လိုဟာ မျိုးလေးတွေမှာ လွတ်သွားတဲ့ဟာတွေဆိုရင် သူစိတ်မ ကောင်းဖြစ်တာကို တွေ့ရတယ်။ သူကလည်း သူ့ရဲ့စိတ်ဘယ် လိုဖြစ်နေတာကို မိဘတွေကို ပြတတ်တယ်။ အဲဒီလို ကျရင် တော့နှစ်ယောက်စလုံးစိတ်မကောင်းဖြစ်ရတယ်”လို့ ခရစ္စတီး နားခီကပြောပါတယ်။

လက်ရှိမှာ ဟာသဇာတ်ကားတွေကိုပဲ စိတ်ဝင်စား နေတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကို အိမ်ထောင်ရေး ဇာတ်ကားနဲ့ ချပြခဲ့တော့ အခက်အခဲတွေရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ ”အခက်အခဲရယ်လို့တော့ မရှိ ပါဘူး။ မြန်မာနိုင်ငံဟာ ဟာသဇာတ်ကားပဲကြိုက် တဲ့ အတွက် ဇာတ်ကားတစ်ကားကို ယုံယုံကြည်ကြည်နဲ့ ချပြခွင့်ရခဲ့တာကိုပဲ ကျေနပ်တယ်။ အရှုံးတွေ၊ အ မြတ်တွေလည်း မတွက်ဘူး။ အနုပညာသည်သာ အဓိကလိုအစ်မခံယူထားတယ်။ အခုဥပါယ် တံမျဉ် ဇာတ်ကားကို တချို့နေရာတွေမှာ ရုံတင် ခွင့်မရသေးဘူး။ ရုံတင်ခွင့်ရအောင်လုပ်မယ်။ ပြီးရင်နိုင်ငံတကာကိုချပြမယ်။ ပြီးရင် နောက် ထပ်ရုပ်ရှင်ဇာတ်ကားတစ်ကားကို ရုံတင်ဖို့အ တွက်ပဲပြင်ဆင်မယ်။ နောင်တရတာတို့၊ ရှုံး တာတို့ကို ထည့်မတွက်တာ အစ်မ အ ကျင့် ပါ”လို့ခရစ္စတီးနားခီကပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here