ပြင်ဦးလွင်ကနေ ရန်ကုန်ကို လျှောက်လှမ်းလာခဲ့တဲ့ အဆိုတော် မလေး Jewel ရဲ့ ဂီတခရီးလမ်း

0
217

Jewel ဆိုပြီးဖြစ်လာဖို့အတွက် သူမမှာ လှုပ်ရှားမှု တွေများစွာလုပ်ခဲ့ရပြီး အချိန်တွေများစွာပေးဆပ်ခဲ့ရပါ တယ်။ ပရိသတ်က သူမကို သတိထားမိခဲ့တဲ့ သီချင်းဆိုရင် ‘Message’ သီချင်းကို လက်ညှိုးထိုး ပြရမှာပါ။ ရန်ကုန် ဇာတိမဟုတ်တဲ့ Jewel က သူမ ဘယ်အချိန်ကတည်းက ဂီတနဲ့ ရင်းနှီးခဲ့တာလဲ၊ ဘယ်လိုတွေလျှောက်လှမ်းလာခဲ့တာလဲဆိုတဲ့ ဂီတခရီးလမ်းအစကို အခုလို ပြောပြ လာပါတယ်။

”ကျွန်တော်က ၅ တန်းလောက်ကတည်းက သီချင်း ဆိုပါတယ်။ မေမြို့၊ ရွာဘက်မှာကျတော့ ဆိုကရေးတီး ပြိုင်ရတယ်။ အဲဒီအထဲမှာမှ အဆိုကိုပြိုင်တယ်။ ဆယ်တန်းလောက်အထိပေါ့။ တက္ကသိုလ်ရောက် တော့ ကျွန်တော် မန္တလေးဂီတမိတ်ကို စတက်တယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ ကျွန်တော် Myanmar Super Star မှာ ပြိုင်ဖူးသေးတယ်။ ၂ဝ၁၂ ခုနှစ် ၈ လပိုင်း မှာ ရန်ကုန်ကိုရောက်တယ်။Melody World ပြိုင်တယ်။ အဲဒီမှာ ဆုရတယ်။ ကိုဖြိုးပြည်စုံတို့လို စီနီယာတွေက လက်တွဲခေါ်တယ်။ ဆရာကေအေတီ ရှိတုန်းကဆိုရင်လည်း ဆရာကအကြံဥာဏ်တွေ အများကြီးပေးတယ်။ ပြီးတော့ ကျွန်တော်တို့ ဂီတ မိတ်နဲ့လည်း အများကြီးလှုပ်ရှားဖူးတယ်။Myanmar Got Talent မှာလည်း အဖွဲ့နဲ့ ဝင်ပြိုင်ဖူးတယ်။ အခု ဆိုလို့ရှိရင် The Four Band နဲ့ကလည်း ၂ဝ၁၄ ခုနှစ်မှာ စလှုပ်ရှားဖြစ်တယ်။ ကျွန်တော်ကတော့ အများကြီး လှုပ်ရှား ခဲ့ဖူးပါတယ်။ တချို့လည်း အရင်ကတည်းက သိ တယ်။ တချို့ကျတော့လည်း ‘Message’ သီချင်း ကနေမှ စသိတာလည်းရှိတယ်။ ကျွန်တော်ထင်တာတော့ နည်းနည်းချင်းစီ တဖြည်း ဖြည်းသိလာခဲ့တယ်လို့ ထင်ပါတယ်” လို့ Jewel ကပြောပြပါတယ်။

ဖြိုးပြည့်စုံနဲ့ သီချင်းတွေတွဲဆို၊ ရှိုးတွေ အတူသွားဆိုတော့ အတွဲတွေလို့ ပရိသတ်တွေ ထင်နေကြတဲ့ Jewel နဲ့ ဖြိုးပြည့်စုံက တကယ်တော့ သူငယ်ချင်း မောင်နှမတွေပါ။ ပရိသတ်တွေကို Jewel က-

”၂ဝ၁၈ ခုနှစ်မှာတော့ ကျွန်တော့် Solo ခွေလေး အကောင်အထည်ဖော်နိုင်အောင် ကြိုးစား နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here