ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မိုရီဆာကီဝင်း

0
164

မိုရီဆာကီဝင်းက ဒါရိုက်တာ Steven Spielberg ရိုက်ကူးတဲ့ Ready Player ONE ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သူက အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ Daito အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

”သူ့အတွက် ဂုဏ်ယူတယ်ဆိုတာထက် သူ့လိုမျိုးလိမ်လည်းလိမ္မာတယ်။ တော်လည်း တော်တဲ့အပေါ်မှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျေနပ်တယ်။ နောက်တစ်ခု ဟောလိဝုဒ်ကလူတွေကလည်း မိုရီဆာကီဝင်းကို မြင်တဲ့အခါမှာ ဂျပန်နိုင်ငံမှာကြီးတဲ့ မြန်မာနိုင်ငံသားလို့ မြင်မယ်။ သူက အင်္ဂလိပ်လည်း တအားကောင်းတယ်။ ပြီးတော့ သူက စကားပြောလည်းကောင်းတယ်။ စကားပြောရင်လည်း တအားချစ်စရာ ကောင်းအောင်ပြောတတ်တယ်။ အစ်မ ထင်ပါတယ်၊ သူ့ကို မြန်မာလူမျိုးတွေ ချစ်သလိုပဲ ဟောလိဝုဒ်က သူနဲ့ တွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း သူ့ကိုချစ်ကြမှာပဲ။ သူ့ကို ချစ်လိုက်ခြင်းအားဖြင့် မြန်မာ လူမျိုးတစ်ယောက်ဟာ ချစ်စရာကောင်းတယ်ဆိုတာ မြင်လာမယ်။ ပြီးတော့ သူ့ရဲ့ကြိုးစားမှုပေါ့။ သူနဲ့ အတူတွဲ လုပ်တဲ့အခါမှာ သူက တအားကြိုးစားတယ်။ သူ့မှာထူးခြားတာကတော့ အမြဲတမ်းရွှင်လန်းတက်ကြွနေတယ် ပေါ့။ အဲဒီအတွက်ကြောင့်မို့ သူဟောလိဝုဒ်မှာ သွားရိုက်ပြီးတဲ့နောက်မှာ အစ်မတို့ မြန်မာလူမျိုးတွေရဲ့ ကောင်းသတင်း၊ ကောင်းတဲ့ အချက်အလက်လေးတွေ ဟောလိဝုဒ်ကနေပြီးတော့ ခံစားလို့ရမယ်လို့ထင်တယ်။ သူဟာမြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာဖြစ်သလို အစ်မတို့အတွက်လည်း ဂုဏ်ယူစရာဖြစ်ပါတယ်။ နောက် ပိုပြီးဂုဏ်ယူစရာကောင်းတာက သူဟာ ဂျပန်နိုင်ငံမှာ ကြီးပြင်းနေပေမယ့် အခုအချိန်အထိ မြန်မာ နိုင်ငံသားပဲ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂျပန်နိုင်ငံမှာ ကြီးပြင်းတယ်။ ဟောလိဝုဒ်မှာ သွားပြီး ဇာတ်ကားရိုက်တယ်။ အဲဒီ့ဆက်စပ်မှုက တအားကို ဂုဏ်ယူစရာ ကောင်းတယ်လို့ ထင်ပါတယ်” လို့ မိုရီဆာကီဝင်းနဲ့ ပတ်သက်လို့ ဂုဏ်ယူစကားကို ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။Ready Player One ရုပ်ရှင် ဇာတ်ကားကို ဒီလထဲမှာ ရုံတင်တော့မယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here