ကင်ဆာ

0
236

အတိုင်းအဆက် အကိုင်းအခက်နဲ့
ပျော်ဖူးတယ်။

အရိုင်းသက်သက် တစ်ကိုယ်တော်လည်း
မော်ဖူးတယ်။

အချစ်၊ အနှစ်၊ အလွမ်း၊ အနမ်း
ဒုက္ခညီမျှခြင်း ဒုက္ခ၊ သုခ
ဒါတွေလည်း ကိုယ်တွေ့ရင်ဆိုင်ဖူးပြီ။

ဆေးစစ်ချက်က ဆရာဝန်ကိုပြောတယ်
ဆရာဝန်က င့ါကိုပြောတယ်
‘နောက်ထပ်ခြောက်လပဲ ခံတော့မယ်’တဲ့။

အင်း မနက်ဖြန်ဆိုပြည့်ပြီ
မိတ္တÓတိတွေဆီ ဖုန်းခေါ်လိုက်တယ်
လူကြီးမင်းနဲ့တွေ့တယ် ထားလိုက်တော့
လူသားဗုဒ္ဓရဲ့ အဆိုအမိန့်ကို ပြေးသတိရတယ်
အနိစ္စ …ဒုက္ခ … အနတ္တတဲ့
နှစ်နှစ်ကာကာ ဦးညွှတ်မိသွားတယ်
ဝင်လေ … ထွက်လေ … ဝင်လေ
သဗ္ဗေသတ္တာ ကမ္မသကာ …ထွက်သက်။

လင်းလက် (ကဘို)


LEAVE A REPLY

Please enter your comment!
Please enter your name here