ချစ်သောနိုင်ငံတော်

0
176

ချစ်သောနိုင်ငံတော်

အမြို့ မြို့ အနယ်နယ်က ပလက်ဖောင်းများပေါ်

ကွမ်းတံတွေးကွက်တွေ ဖျက်သိမ်းပေးပါ

ကိုယ်စီတာဝန်တော့ မသိပါဘူး

နိုင်ငံကြီးသားပီသဖို့တွက်

နောက်ဆုံးထွက်အိုင်ဖုန်းဝယ်နိုင်ဖို့လောက်

ကျန်တာစိတ်မဝင်စားဘူး နိုင်ငံတော်ဟာ ဖေ့စ်ဘုတ်ခ်ပေါ်မှာ

ကီးဘုတ်ဖိုက်တာတွေရဲ့ သုံးသပ်ချက် ခပ်နဲ့နဲ့နဲ့

စင်ကာပူကို အမှီလိုက်ကြမယ်ဟေ့။

အတိုအပြတ်တွေ ဝတ်ကြ

ဆယ်ဖီတွေ များများရိုက်၊ ဖိုတိုဂရာဖာလို့ဟစ်ကြွေး

ဟာသလို့ ခေါင်းစဉ်တပ်ပြီး မြန်မာပေါကားတွေ ရိုက်ကြနာမည်ကြီးဖို့အတွက်သောက်ပေါအကွက်တွေ ထုတ်ပြ

အဟေးဟေး ခေတ်မီလာပြီကွ။

အလုပ်လုပ်ဖို့ မလိုဘူး

အစိုးရကောင်းရင် အလုပ်ရဖို့ အာရုံပြု ကြ

စင်ကာပူကြီးက ရယ်တယ်

မင်းတို့ဦးနှောက်တွေ

ကိုရီးယားဇာတ်လမ်းတွဲတွေအထဲက

ရုန်းမထွက်နိုင်ပါဘူးကွာ ဆိုပြီး

မြန်မာ့ဦးနှောက်ကို ကမ္ဘာ့ဈေးကွက် တင်ရောင်းရင်ဈေးကြီးကြီးရတယ်ဆိုတဲ့ ပုံပြင်ကိုသာ

လက်ဆင့်ကမ်း သယ်လာခဲ့ကြတယ်။

ဘယ်လူငယ် တက်သစ်စကမှ ရယ်စရာကောင်းနေကြတာက လွဲရင်

မခံချင်စိတ် နည်းနည်းလေးမှ မထားခဲ့ ကြဘူး

လေယာဉ်ပျံတီထွင်တဲ့ ကောင်လေး

ရက်ပိုင်းပဲ ဆယ်လီဖြစ်လိုက်တယ်

ဟိုကောင်မလေးရဲ့ ဖင်ကြီးကြီးကိတ်ချက်က

တစ်သက်တာဆယ်လီဆု ရထားတယ်

မြန်မာတွေ ဘာလုပ်တတ်သလဲမေးရင်Like and Share ပဲ လုပ်တတ်တယ်လို့ ဝန်ခံစမ်းပါ

လုပ်မနေနဲ့ ဆယ်လီဖြစ်ဖို့က ပိုအေ၇း ကြီးတယ်ဟ

ဒီလိုပါပဲ နောက်ခေတ်အဆက်ဆက်လည်း

အမှားတစ်ရာကိုပဲ အမှန်တရားတွေ ထပ်လုပ်ကြ

သောက်တလွဲ ခေတ်မီခြင်းများနဲ့ နိုင်ငံတော်ဟာ ဂုဏ်သရေနဲ့ ပြည့်စုံ ဦးမယ်

အိုခေပါ … ချစ်သောနိုင်ငံတော် လေးစားလျက်ပါ။

သံလွင်ဆေး


LEAVE A REPLY

Please enter your comment!
Please enter your name here