ကဗျာဆရာ မောင်မောင်ငြိမ်းအေးရဲ့ ‘အိမ်ပြန်ချင်တဲ့သူကို တံခါးဖွင့်ပေးတာ ဥပုသ်မစောင့်ဘဲ ကုသိုလ်ရတယ်’ ကဗျာစာအုပ်ထွက်ရှိ

0
262

ကဗျာဆရာ မောင်မောင် ငြိမ်းအေးရဲ့ ‘အိမ်ပြန်ချင်တဲ့သူကို တံခါးဖွင့်ပေးတာဥပုသ်မစောင့် ဘဲ ကုသိုလ်ရတယ်’ဆိုတဲ့ စာအုပ် မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Orchid Hote မှာ ကျင်းပခဲ့ပါတယ်။

 မောင်မောင်ငြိမ်းအေးက ကဗျာရေးတဲ့ ကလောင်ဖြစ်ပြီး ကာတွန်းနေမျိုးအေး စာရေး ဆရာရဲခေါင်မဲမောင်စတဲ့ ကလောင်တွေနဲ့ ရေးသားနေတာ ဖြစ်ပါတယ်။ အဆိုပါကဗျာ စာ အုပ်ကလည်းခေတ်ပြိုင်ကဗျာ ဖြစ်ပြီး စာအုပ်ထုတ်ဖြစ်တဲ့ အကြောင်း ကိုတော့  “ဒီကဗျာစာအုပ်က ကဗျာ ရေးသက်၄၅ နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ထုတ်ဝေဖြန့်ချိ တာပါ။ ကဗျာစာအုပ်ထုတ်တာ ဘာအကျိုးအမြတ်မှ လိုချင်လို့ ထုတ်ဝေတာ မဟုတ်ပါဘူး”လို့ ကဗျာဆရာ မောင်မောင် ငြိမ်း အေးကပြောပါတယ်။ မောင် မောင်ငြိမ်းအေးရဲ့ ‘အိမ်ပြန်ချင်တဲ့ သူကိုတံခါးဖွင့်ပေးတာဥပုသ်မ စောင့်ဘဲကုသိုလ်ရတယ်’ စာ အုပ်ကိုရှင်မတောင်စာပေမှ ၂၅ဝဝ ကျပ်နဲ့ဖေဖော် ဝါရီလက ဖြန့်ချိခဲ့ပြီဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here