အကယ်ဒမီ နဲ့ ခဏခဏ လွဲနေတဲ့ အဒေါ်ဖြစ်သူကို အကယ်ဒမီ ပိုရစေချင်တယ် မေတိုးခိုင်

0
323

ဖက်ရှင်ဒီဇိုင်နာ ပညာသင်ယူထားတဲ့ သရုပ်ဆောင် မေတိုးခိုင်က မိခင်ဖြစ်သူ ဒီဇိုင်နာအိကျော်ဇင်နဲ့ ဂျပန်ဒီဇိုင်နာတို့ ပူးပေါင်းကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲကြီးမှာ သူ့ရဲ့ဒီဇိုင်းတွေကို ပါဝင်ပြသတာမျိုးမရှိပေမယ့် ဒီရှိုး ပွဲမှာ အစစအရာရာတာဝန်ယူဆောင်ရွက်ဖြစ်တယ်လို့ ပြောပါတယ်။ နောင် တစ်ချိန်မှာ သူ့ရဲ့ ဖက်ရှင်တွေပြသဖို့လဲ စိတ်ကူးထားတာမျိုးရှိပါတယ်လို့ဆို တဲ့မေတိုးခိုင်က …

”ဒီလထဲမှာ ညီမအလုပ်ရှုပ်နေတော့ မေမေ့ကို သိပ်မကူပေးဖြစ်ဘူး။ ဒါပေမဲ့ ပထမ round မှာတော့ ဖက်ရှင်ဒီဇိုင်းတင်မဟုတ်ဘဲ styling တော့ လုပ်ထားတာပါပါတယ်။ ကိုယ်တိုင်တော့ ဖက်ရှင်ရှိုးပွဲလုပ်ဖို့ အိပ်မက်ထား တာရှိပါတယ်။ အခုတော့ မဖြစ် နိုင်သေးဘူးပေါ့။ နည်းနည်းကြာလာရင်တော့ လုပ်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ ဖက်ရှင်ထဲမှာဆိုရင် ဂျပန် ဖက်ရှင်နဲ့ Street ဖက်ရှင်တွေ ကို ပိုပြီးကြိုက်နှစ်သက်တယ်လို့ မေတိုးခိုင်က ဆိုပါတယ်။

အကယ်ဒမီပေးပွဲတိုင်း အိမ်မှာပဲ အားပေးလေ့ရှိတဲ့ မေတိုးခိုင်က ဒီနှစ်မှာ တော့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ရိုက်ကူးထားတဲ့အတွက် ပထမဦးဆုံး အကြိမ်တက်ရောက်ဖြစ်မယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ အကယ်ဒမီနဲ့လွဲ နေတာကြာပြီဖြစ်တဲ့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို အကယ်ဒမီ ရစေ ချင်တယ်လို့ဆိုတဲ့ မေတိုးခိုင်က … ”ညီမရင်ခုန်တယ်။ တီဝဲရော ဦးတီရော နှစ်ယောက်စလုံးက ‘ရင်ဘတ်ထဲက ဓား’ဇာတ်ကားမှာ အများကြီးကြိုးစားထား တာတွေ့ရတဲ့အတွက် ညီမကိုယ်တိုင်လည်း တအားရစေချင်ပါတယ်။ တီဝဲရော ဦးတီရော အကယ်ဒမီရစေချင်ပါတယ်။ တီဝဲကိုတော့ ပိုရစေချင်တာပေါ့နော်။ တီဝဲကအကယ်ဒမီနဲ့ အမြဲတမ်းလွဲတယ်။ ခဏခဏလွဲတယ်။ ဒီဇာတ်ကား ကတော့ ထိုက်တန်တယ်လို့ ထင်တယ်။ သူကိုယ်တိုင် အကောင်း ဆုံးကြိုးစား ခဲ့တယ်ဆိုတာလည်းသိလို့ပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here