မင်းသား မ ဖြ စ် ချ င် ဘဲ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်ပါတယ် စိုးသီဟ

0
247

Lucky Smile Production နဲ့ Soe Productionတို့မှ သရုပ်ဆောင် မင်းသားသစ် စိုးသီဟရဲ့ဇာတ်ကားများကို စာနယ်ဇင်းများထံ အပ်နှံပွဲကို ဖေ ဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၉ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး စိုးသီဟက . .

“ကျွန်တော်အခုရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကားလေးကားကို ပရိသတ်တွေ လက်ထဲကို နောက်လ လဆန်းလောက်ဆိုရင် ဖြန့်ချိတော့မှာပါ။  ဇာတ်ကား တစ်ကားစတင်ရိုက်ကူးမယ်ဆိုကတည်းက ဇာတ်လမ်းကိုသေချာရှာရတယ်။ အဓိက ကတော့ ကျွန်တော်က ပရိသတ်ကိုဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်း လေးနဲ့ရိုက်ပြီး ပရိသတ်ကိုချပြချင်တာပေါ့နော်။ အဲဒါကြောင့် ဇာတ်ကားအတော်များများကိုရွေးပြီးတော့ ရိုက်ကူးရပါတယ်။ ဇာတ် မထပ်အောင်ကာရိုက်တာလည်း မတူအောင်တော်တော်ကြိုးစားပြီး တော့ လုပ်ရပါတယ်”လို့ပြောပြပါတယ်။

ဒီဇာတ်ကားလေးကားကို ကျော်ရဲအောင်၊ လှမျိုးသဉ္ဇာနွယ်ယုသန္တတင်၊ သွန်းဆက်၊ ဝါဆိုမိုးဦး၊ ဆုမြတ်နိုးဦးတို့အပြင် တခြားသောအနုပညာရှင် များစွာတို့နဲ့ပါ ဝင်ရိုက်ကူးထားတယ်လို့သိရပါတယ်။ ဒီဇာတ် ကားများကို မတ်လထဲမှာ ဖြန့်ချိတော့မှာဖြစ်ပြီး ဗီဒီယိုဈေး ကွက်မကောင်းတဲ့ အချိန်ကာလဖြစ်နေတဲ့အတွက် သူ့မှာ စိုးရိမ်ပူပန်မှုတွေများစွာရှိနေကြောင်းကိုလည်း စိုးသီဟက” နောက်လဆန်းဆို ကျွန်တော့်ဇာတ်ကားတွေထွက်ပြီ။ ပရိသတ်က ကျွန်တော့်ဇာတ်ကားတွေကို အားမှအားပေးပါ့ မလား၊ ကျွန်တော်ဇာတ်ကားတွေကို ဝယ်မှကြည့်ပါ့မလား။အဲဒီလိုစိုးရိမ်သောကတွေရှိနေပါတယ်။ ကိုယ်ဖြန့်ချိထား သ လောက်အခွေလေးတွေကုန်မှကုန်ပါ့မလားပေါ့နော်။ပူပင် သောကတွေကတော့ အများကြီးပဲပေါ့ဗျာ။ ဒါပေမဲ့ အဲဒါတွေ ကို ကျွန်တော်ကြောက်နေလို့မရဘူး။ ကိုယ့်ဇာတ်လမ်း ဇာတ် အိမ်ခိုင်ခိုင်မာမာနဲ့ ပရိသတ်လက်ထဲကိုမြန်မြန်ဖြန်နိုင်အောင် လုပ် နိုင်ရင်တော့ ကျွန်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာမယ်လို့ ယုံ ကြည်ပါတယ်။ ကျွန်တော်မင်းသားမဖြစ်ချင်ပါဘူး။ ကျရာဇာတ်ရုပ်မှာ ပီပီ ပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here