အချစ်ရေးနဲ့ ပတ်သက်ပြီး အဆင်သင့် ဖြစ်ရင်တော့ေ ပြာပါမယ် စိုင်းစည်တွမ်ခမ်း

0
409

စိုင်းစည်တွမ်ခမ်းက မကြာခင်မှာ သရုပ်ဆောင်ဇေရဲထက်နဲ့အတူ ဝေဇယန္တာလမ်း မပေါ်မှာ Food Court ပုံစံမျိုးဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အစားအသောက်ကို ဝါသနာပါတဲ့အတွက် ဆိုင်ဖွင့်လှစ်ဖြစ်မှာ ဖြစ်ကြောင်းကို စိုင်းစည်တွမ်ခမ်းက . . .

 “ကိုဇေရဲထက်နဲ့က အရင်ကတည်းက ခင်ကြတယ်။ ကျွန်တော်တို့အပြင်မှာ ဆိုင်တွေသွားထိုင်တော့ အပြင်ကဆိုင်တွေကျတော့ စားစရာအစုံမရဘူး။ ကိုယ်စား ချင်ရင် ဟိုဆိုင်ထိုင်ရမလား၊ ဒီဆိုင်ထိုင်ရမလားဖြစ်တယ်။ နောက်ကျတော့ဆိုင်တစ် နေရာထဲမှာ အကုန်ရတဲ့ Food court လေးဖွင့်ရင်ကောင်းမလားဆိုပြီး စဉ်းစားတယ်။ ဇေရဲကလည်း အစားအသောက်ဝါသနာပါတယ်။ သူကကိုယ်တိုင်တောင် ချက်တတ်ပြုတ်တတ်တယ်။ ကျွန်တော်ကတော့စားတတ်တယ်။ ကွာလတီ ကောင်းပြီး စနစ်တကျနဲ့အားလုံးအဆင်ပြေအောင်လုပ်သွားမယ်။  အခု တော့ အစီအစဉ်ဆွဲနေပါတယ်။ အမြန်ဆုံးဖွင့်လှစ်နိုင်အောင်ကြိုးစားနေ ပါတယ်။

ကျွန်တော်ထင်တာ ၂ လ ၊ ၃လလောက်တော့ ကြာဦးမယ် ထင်တယ်”လို့ ပြောပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အဆင်သင့်ဖြစ်ရင်တော့ ပြောပါ မယ်လို့ ဖွင့်ဟလာတဲ့ စိုင်းစည်တွမ်ခမ်းက နောက် ၃ နှစ်မှပဲ အိမ် ထောင်ပြုဖို့စဉ်းစားတော့မယ်လို့ ပြောလာပါတယ်။ ဆက်လက်ပြီး သူလိုချင်တဲ့လက်တွဲဖော်ပုံစံနဲ့ပတ်သက်ပြီးလည်း စိုင်းစည်တွမ်ခမ်း က “လောလောဆယ် ၃ နှစ်အတွင်းတော့ အိမ်ထောင်ပြုဖို့ အစီ စဉ်မရှိသေးဘူး၊ ကျွန်တော်လုပ်ချင်တာလေးတွေ အများကြီးရှိ သေးတယ်။ သီချင်းတွေလည်းထုတ်ဖို့ရှိပါတယ်၊ နောက်ထပ် ၃နှစ် လောက်မှ အိမ်ထောင်ပြုဖို့စဉ်းစားတော့မယ်။ အရှေ့က စီနီယာ ကြီးတွေဖြစ်တဲ့ ကိုစိုင်းစိုင်းတို့ယူမှပဲ စဉ်းစားတော့မယ်။

ကျွန်တော် အဆင်သင့်ဖြစ်ရင် ကျွန်တော်ပြောပါမယ်။ အသက်အရွယ်ကြီးလာလို့ လားမသိဘူး၊ အဲမေးခွန်းနဲ့ပတ်သက်ပြီး တော်တော်မေးခံနေရ တယ်။ ကျွန်တော်လိုချင်တဲ့ မိသားစုပုံစံက ကိုယ့်ကိုတကယ်မေတ္တာအ စစ်နဲ့မေတ္တာရှိတယ်၊ အချစ်ထက်စာရင် ကျွန်တော်ကမေတ္တာရှိဖို့ပဲ လိုချင်ပါတယ်။ မေတ္တာဆိုတာက အေးလည်းအေးချမ်းတယ်။ ပျက်  လည်းပျက်စီးဖို့ မလွယ်ဘူးလေ၊ အချစ်က ချစ်လိုက်၊ ပျက်လိုက်နဲ့ များတော့ ကျွန်တော်ကတော့ မေတ္တာတကယ်ရှိတယ်၊ ကိုယ်နဲ့စိတ်ဓာတ် ချင်းလည်းတူတယ်၊ စိတ်တူကိုယ်တူရှိတဲ့ သူမျိုးကိုလိုချင်ပါတယ်”လို့ ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here