စီးရီးခွေအထွက် အကြမ်းဆုံးလမှာ 99 အခွေ ထွက်ရှိလာတဲ့ X.Box ဘာတွေ ထိခိုက်မှုရှိမလဲ

0
87

‘၉၉’ ဆိုတဲ့ ဒုတိယတစ်ကိုယ်တော်အခွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖြန့်ချိခဲ့တဲ့ ဟစ်ဟော့ပ်အဆိုတော် X.Box ရဲ့ တေးအယ်လ်ဘမ်ကတော့ ဝိုင်းစု ခိုင်သိန်း၊ နီနီခင်ဇော်တို့လို နာမည်ကြီးအဆိုတော်တွေ၊ မိုးထက်၊ JCZ တို့လို လူငယ် ကြိုက်Rapper တွေရဲ့ ဖီးချားရင်း အား၊ X.Box ရဲ့ ကြိုးစားမှုအားတွေကြောင့်Quality ကောင်းကောင်းနဲ့ ပရိသတ်နှစ်ခြိုက်ဦးမယ့် ဟစ်ဟော့ပ်တေးအယ်လ်ဘမ် တစ်ချပ် ဖြစ်လာမှာအမှန်ပါ။ ဖေဖော်ဝါရီလက အပြိုင်အဆိုင်အခွေထွက်ကြမ်း တဲ့လဖြစ်နေတော့ X.Boxတို့အပေါ် ထိခိုက်မှုတွေ ရှိလာမလားလို့မေးတော့…

 “ထိခိုက်မှုမရှိပါဘူး။ ဘာဖြစ်လို့ ထိခိုက်မှုမရှိလဲဆိုတော့ ပရိသတ် အတွက် အလွန်ကောင်းပါတယ်။ ကျွန်တော်တို့က အခွေမထွက်ရင် လည်းမထွက်ဘူး။ အခွေထွက်ရင်လည်း တစ်လတည်းမှာ ဒီလိုစု ပြုံပြီး ထွက်တော့ ပရိသတ်အတွက်က နားထောင်စရာများတယ်။ ပရိသတ် အစစ်အမှန်က Original အခွေတွေဝယ်ပြီးနားထောင်စေချင်ကြ တယ်။ ဒါပေမဲ့ လခစားတွေအနေနဲ့ဆိုလို့ရှိရင်ဗျာ။ အခွေတွေ အကုန်လုံးကို ဝယ်ရမယ်ဆိုလို့ရှိရင် ပိုက်ဆံက သောင်းချီပြီးကုန် ကျသွားမှာပေါ့။

အဲဒီတစ်ခုပဲ ပရိသတ်အတွက် အဆင်မပြေတာလေးတွေ ရှိမှာပါ။ ကျွန်တော်တို့အတွက်ကတော့အဆင်ပြေပါတယ်။ အဲဒီလထဲမှ ထွက်ရှိတဲ့သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် အလွန်ခင်မင် ကြတဲ့သူတွေဖြစ်တဲ့အတွက် အဓိကက ပရိသတ်တွေ အများကြီးနား ထောင်ရရင်ပျော်နေပါပြီ” လို့ X.Box ကပြောပါတယ်။

MBC ကုမ္ပဏီနဲ့ X.Box ရုပ်ရှင်ရိုက်ကူးဖို့ပြောထားတာကလည်း မေးရ လွန်းလို့ ပုံပြင်တစ်ပုဒ်လိုဖြစ်နေပြီနော်လို့ဆိုတော့ ….

“ရုပ်ရှင်ရိုက်ကူးဖို့က ပုံပြင်တစ်ပုဒ်လိုဖြစ်လာတယ်ဆိုတာက ကျွန်တော် မရိုက်ချင်တာပါ။ ဘာဖြစ်လို့ မရိုက်ချင်တာလဲဆိုတော့ အခွေမပြီးသေးလို့။ ကျွန်တော်နဲ့ စာချုပ်ချုပ်ထားတဲ့ MBC ကိုလည်း မနည်းတားထားရတယ်။ ကင်မရာရှေ့မှာ သရုပ်ဆောင်လိုက်၊Recording ပြေးပြီး အသံသွင်းလိုက်နဲ့ အဲဒီအလုပ်ကို ကျွန်တော် မလုပ်ချင်ဘူး။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်က သီချင်းဆို တာဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ကူးတာကြီးကို သီချင်းအခွေ လုပ်နေတဲ့ အချိန်မှာ နည်းနည်းလေးတောင် အချိန်မပေးချင်တာ။ အဲဒါပါပဲ။ အခွေထွက်ပြီးပြီဆိုတော့ ရိုက်ကူးတော့မှာပါ” လို့ X.Box က ပြောပြခဲ့ ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here