ဒုတိယအႀကိမ္ဘားကမ့္မုံရြာကို မုံရွာမြို့တော်ခန်းမတွင်ကျင်းပမည်

0
189

ဒုတိယအကြိမ် ဘားကမ့် မုံရွာ (Bar Camp Monywa)ကိုမတ်လ ၁၁ ရက်နေ့တွင် မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဘားကမ့်မုံရွာ၂ဝ၁၈ ပွဲအခမ်းအနား ဖြစ်မြောက်ရေးကော်မတီအတွင်းရေး မှူးကိုအောင်ဆန်းထံမှ သိရသည်။ “အမုန်းပွားစရာ အမုန်းစကားကလွဲရင် အကုန်လာပြောလို့ရတယ်။ဘယ်သူဖြစ်ဖြစ် လာကြပါလို့လည်း ဖိတ်ပါတယ်။ ပွဲတက်ဖို့ အွန်လိုင်းကနေ စာရင်းပေးလို့ရအောင် စီစဉ်ထားပါတယ်” ဟုကိုအောင်ဆန်းက ပြောသည်။

စာပေရေးရာ၊ နိုင်ငံရေး စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှု၊ အနုပညာ၊ အလှအပရေးရာ စသောကဏ္ဍ ၁၅ ခုခန့်ကို ဘားကမ့်မုံရွာတွင်လွတ်လပ်စွာကဏ္ဍအလိုက် ဆွေးနွေးနိုင်ရန် ကျွမ်းကျင် အောင်မြင်နေသော ဦးဆောင်ဟောပြော သူများဖြင့် လက်တွဲဆောင်ရွက်နိုင် ရန်ဖိတ်ကြားထားကြောင်းသိရသည်။ ယခုကျင်းပမည့်ဘားကမ့်ကို စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းက ဦးဆောင်ပြုလုပ်မည်ဖြစ်ကာစေတနာ့ဝန်ထမ်း အဖြစ် ကူညီမည့် လူငယ်များကိုလည်းဖိတ်ခေါ်ထားကြောင်းသိရသည်။ ပထမ အကြိမ်ဘားကမ့်မုံရွာကို ၂ဝ၁၄ ခုမတ်လအတွင်းက မုံရွာတောင်ရပ်ကွက် မြို့ပတ်လမ်း တိုက်အမှတ် ၉ဝ ယူနိုက်တက် အမရဘဏ်အနီးတွင်ကျင်းပခဲ့ပြီး ထိုစဉ်အခါက ဦးဆောင်လာရောက် ပြောကြားသူ ၃ဝဦးနှင့် တက်ရောက် နားထောင်သူ ၂ထောင်ဦးခန့်ရှိခဲ့ကြောင်း သိရသည်။

မျိုးဝင်းထွန်း (မုံရွာ)


LEAVE A REPLY

Please enter your comment!
Please enter your name here