ချစ်သူလိုချစ်တာထက် မိသားစုလိုမျိုးပိုပြီးနွေးထွေးသလိုခံစားရတယ် မိတ်ကပ် မေဦး တို့စုံတွဲ

0
166

မကြာခင်ကလည်း မိတ်ကပ် မေဦးတို့ ချစ်သူနှစ်ဦးကတော့ ငွေဆောင်ကမ်းခြေကို သွားရောက် အပန်းဖြေခဲ့ပါတယ်။ အခုခရီးစဉ် မှာတော့ နေရာအစုံကို လျှောက်လည်ခဲ့ပြီး၊ ပျော်ရွှင်ခဲ့ရတဲ့ ခရီးစဉ်လေးဖြစ်ခဲ့ကြောင်း မိတ်ကပ်မေဦးက ပြောပါတယ်။

“Valentine တုန်းကတော့ မေဦးက မအားတော့ သူ့ကို present ပေးတဲ့အနေနဲ့ရော၊ နှစ်ယောက်သား ခရီးမထွက်ဖြစ်တာလည်း ကြာနေပြီဆိုတော့ ငွေဆောင်ကို ခရီးထွက်ဖြစ်တာ၊ မေဦးတို့က ခရီးသွားတိုင်း အိပ်နေတာများတယ်။ ဒီတစ်ခါကျတော့ ဆင်စခန်းသွားတယ်။ ကျွန်းတွေ လျှောက်သွားတယ်။ ပြီးတော့ ညစာအတူတူစားတယ်။ ဒီခရီးစဉ်ကတော့ မေဦးတို့အတွက် ပိုပြီးအမှတ်တရဖြစ်ပါတယ်။ ပုံမှန်ခရီးသွားရင် နှစ်ယောက်က အေးအေးဆေးဆေးသွားတယ်၊ ဒီတစ်ခေါက်ခရီးကတော့ လုံးဝမအေးဆေးဘူး။ စရောက် တဲ့နေ့ကနေဆက်တိုက်ဆက်တိုက်ဆက်သွားတယ်”လို့ ပြောပါတယ်။

ချစ်သူသက်တမ်း ၁ နှစ် နဲ့ ၇ လရှိလာပြီဖြစ်တဲ့ မိတ်ကပ်မေဦးတို့ စုံတွဲကတော့ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ချစ်သူရည်းစား ပုံစံထက် မိသားစုလိုမျိုး နွေးထွေးလာ ကြောင်း ပြောပါတယ်။

”ကိုယ်တွေထက် နှစ်ရှည်တဲ့ အတွဲတွေရှိပါတယ်။ မေဦးတို့ နှစ်ယောက်လည်း ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရှည်တဲ့အတွဲတွေလိုမျိုးပဲ ချစ်သူ သက်တမ်း ၁ နှစ် ၇ လဆိုပေမယ့် ချစ်သူသက်တမ်း အကြာကြီးလိုမျိုး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတော့ ယူရပါတယ်။ လက်အတို အရှည်တောင် ညီချင်မှညီတာဆိုတော့ နှစ်ယောက် ပေါင်းစပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့မဖြစ်နိုင်တာ ကို နားလည်မှုယူပြီး တည် ဆောက်ပါတယ်။ အချိန်တွေကြာလာတာနဲ့ အမျှ ချစ်သူ ရည်းစားလိုချစ်တာထက် မိသားစုလိုမျိုး ပိုပြီးနွေးထွေးသလို မျိုး ခံစားရ တယ်။ နှစ်ယောက်စလုံးလည်း ပိုပြီးပွင့်လင်းလာတယ်။ မေဦးတို့နှစ်ယောက်က သူများတွေ အားကျအောင်လည်း နေတာမဟုတ်ပါဘူး။ မေဦးက ငယ်ငယ်လေးက တည်းက ကိုယ်မှန်တာထင်ရင် ကိုယ်လုပ်ခဲ့တယ်။ ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးဘူး၊ ကိုယ့်ရဲ့လမ်းကို အကောင်းဆုံးဖောက်တယ်။ အဲဒီအပေါ်မှာ ပရိသတ်တွေ သဘောကျတာနေမှာ ပါ”လို့ ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here