သမီးဖြစ်သူကို အိမ်ထောင်ပြုဖို့ အသက်အရွယ်တစ်ခု ချမှတ်ပေးထားတဲ့ မိခင်ဖြစ်သူ ဒေါ်မော်မော်ခိုင်

0
176

သမီးဖြစ်သူ ရွှေမှုန်ရတီအပေါ်မှာတော့ သူငယ်ချင်းတစ်ယောက်လို အမြဲတမ်းနေပေးဖြစ်တဲ့ မိခင်ဖြစ်သူ ဒေါ်မော်မော်ခိုင်ကတော့ သမီးကို အိမ်ထောင်ပြုဖို့အတွက် အသက်အရွယ်တစ်ခု ချမှတ်ပေးထားကြောင်းပြောပါတယ်။ မိခင်ဖြစ်သူ ဒေါ်မော်မော်ခိုင်က … ”သူရည်းစားထားမယ်ဆိုပြီး အန်တီ့ကိုပြောတယ်။ သူလည်း လူငယ်တစ်ယောက်ဆို တော့ ထားပေါ့။ သူ မဟုတ်တာလုပ်ထားတာ မဟုတ်ဘူး။ ရည်းစားထားရမယ့် အရွယ်ရောက်နေပြီပဲ။ ဘာမှမဖြစ်အောင် တော့ ကိုယ့်ဘက်ကတော့ လိုက်ထိန်းသိမ်းရတာပေါ့။ ဒီခေတ်လူငယ်တွေကို အတင်းအကျပ် လိုက်ချုပ်ချယ်လို့ မရဘူးလို့ အန်တီမြင်ပါတယ်။ သူတို့က ခေတ်နဲ့အညီဆိုတော့ ကိုယ်ထက်လည်း ဦးနှောက်တွေက အရမ်းကောင်းတယ်။ အတွေ့ အကြုံတွေကလည်း အများကြီးသာနေတဲ့အတွက်ကြောင့် အန်တီတို့က လိုက်မမှီတော့ဘူး၊ အန်တီက သူ့ကို အသက် အပိုင်းအခြားတစ်ခုတော့ ချမှတ်ပေးထားတယ်။ အဲဒီလိုမျိုးလေးတော့ လုပ်ပေးထားတယ်။ ဒီအရွယ်တွေက ခန့်မှန်းလို့ မရဘူး၊ ဒါပေမဲ့ ဒီအချိန်ထိ မယူသေးဘူးဆိုတော့ လိမ္မာ တာပေါ့။ အန်တီ့သားသမီးတွေက အကုန်လုံး လိမ္မာပါတယ်” လို့ ပြောပါတယ်။ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် တစ်ခါတလေ အမှားလုပ်မိတဲ့အခါကျရင်လည်း ပရိသတ်တွေ အနေနဲ့ သမီးဖြစ်သူကို နားလည်ပေးစေချင်ကြောင်း ရွှေမှုန်ရတီ မိခင်ဖြစ်သူ ဒေါ်မော်မော်ခိုင်က ခုလိုပြောပြခဲ့ပါတယ်။

”သဲက တစ်ခါတလေကျရင် ကလေးဆန်တာလေးတွေရှိတယ်။ လိုင်းတွေ ပေါ်မှာလည်း ပြောရပါတယ်။ ကိုယ်မသိတဲ့ အရာလေးတွေ ရှိသွားတာလေးတွေ ရှိတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။ တစ်ခါတလေကျရင်လည်း ဒီလို မလုပ်ရဘူးဆိုပြီး ဆုံးမနေရတာပေါ့။ ကိုယ်က အငယ်တစ်ဖက်၊ အကြီး တစ်ဖက်နဲ့ တစ်ခါတလေကျရင် လစ်ဟာသွားတာလေးတွေရှိတယ်။ သူ့စိတ်ကူးပေါ်တာလေးတွေ လုပ်မိတာလေးတွေလည်း ရှိပါတယ်။ အဲဒီ အတွက် နားလည်ပေးကြပါလို့ အန်တီကပဲ တောင်းပန်ပါတယ်။ ငယ်တဲ့ အတွက် သူလည်း သာမန်လူတစ်ယောက်ပါပဲ။ သူများကလေးတွေလို သူလည်း သွားချင်လိုက်တာ လာချင်လိုက်တာဆိုပြီးလည်း ပြောပါ တယ်။ တစ်ခါတလေကျရင် ပရိသတ်တွေပြောတာလည်း ရှိတာပေါ့။ အန်တီလည်း မသိချင်ယောင်ဆောင်နေလိုက်ရတာပေါ့။ သူလုပ်ချင်တာ လေးတွေ တစ်ခါတလေ ပေးလုပ်ရတာတွေရှိတယ်။ မိဘက မဆုံးမလို့ လည်း မဟုတ်ပါဘူး။ လူငယ်တွေဖြစ်တဲ့ အတွက်ကြောင့် နားလည်ပေးပေး ပါလို့ပဲ အန်တီက တောင်းပန်ပါတယ်”လို့ ပြောပါတယ်။

တွယ်တာ ၊

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here