ကိုသီဟလွင် နဲ့ စန္ဒီမြင့်လွင် တို့ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်း အစီအစဉ်

0
251

နာမည်ကျော် အမျိုးသမီး ဟစ်ဟော့တေးသံရှင် စန္ဒီမြင့်လွင်ကတော့ ၂ဝ၁၈ ခုနှစ်နှစ်စမှာ သူ့ရဲ့ မင်္ဂလာသတင်းကိုကြေညာခဲ့တဲ့အတိုင်းပဲ ချစ်သူကိုသီဟလွင်နဲ့အတူ ရွှေလက်တွဲသွားခဲ့ပြီဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၁နှစ်ခွဲကြာမြင့်ခဲ့တဲ့ ကိုသီဟလွင်နဲ့ သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို မတ်လ၄ရက်နေ့ မနက် ၉နာရီက ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာ မောင်နှံအတွက် မိတ်ကပ်ညီညီမောင် (စမ်းချောင်း) ကလိမ်းခြယ်ပေးခဲ့ပြီး ဝတ်စုံကိုတော့ ဒီဇိုင်နာငြိမ်းကိုက ဖန်တီးချုပ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ မင်္ဂလာအသိသက်သေအဖြစ် ကိုပြည့်မောင် နဲ့ စမိုင်းတို့ ဇနီးမောင်နှံကလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။မင်းသမီး ဖြစ်နေပေမယ့်လည်းရိုးရှင်းတဲ့ အပြင်အဆင်တွေကို နှစ်သက်တဲ့အတွက် မင်္ဂလာလက်မှတ်ရေးထိုးပွဲကို မိသားစုများနဲ့သာ ရိုးရှင်းစွာဆင်ယင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲ အတွက်လွန်ခဲ့တဲ့ ၆လကတည်းက ကြိုတင်ပြင်ဆင်ခဲ့တယ်ဆိုတဲ့ စန္ဒီမြင့်လွင်က…

”ကိုယ်ချစ်တဲ့ သူနဲ့ တစ်ဘဝ လုံးပေါင်းရမှာဆိုတော့ စိတ်လှုပ်ရှားပြီး ပျော်တာပေါ့။ မင်္ဂလာပွဲတွေ ပွဲကြီးတွေရွေးပြီးတဲ့အခါကျတော့ ဒီနေ့ကို သေချာစဉ်းစားတိုင်ပင်ပြီး ရွေးရတာပေါ့။ မိတ်ကပ်ဆံပင်ကတော့ အန်တီညီမောင် သူစဉ်းစား ထားတာလေးနဲ့ ဒီးဒီလုပ်ချင်တာကျတော့ ရိုးရိုးလေးနဲ့ ဆံထုံးလေး ဒီးဒီ အမြဲတမ်းထုံးနေကျပုံစံလေးပဲ ထုံးထားတာပါ။ ဒီးဒီကို အားလုံးက ဝိုင်း ဝန်းကူညီ ပေးကြပါတယ်။ ကူညီပေးတဲ့သူ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်” လို့ပြောပါတယ်။ စန္ဒီမြင့်လွင်ကို တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီး ချစ်မြတ် နိုးသွားမယ်ဆိုတဲ့ ကိုသီဟလွင်က…

”သူ့ကို စတွေ့ကတည်းက တအားရင်းနှီးတယ်။ အခုအချိန်ထိလည်း ဘာမှမပြောင်းလဲဘူး။ ပြီးတော့ သူ့ ကို ကလေးလိုရော သူငယ်ချင်းလိုရော ချစ်တယ်။ အခုဆိုရင်တော့ မိန်းမ လိုပေါ့” လို့ ပြောပါတယ်။ ကိုသီဟ လွင်နဲ့ စန္ဒီမြင့်လွင်တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူကို မတ်လ ၁ဝ ရက်နေ့မှာ မစိုးရိမ်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာဧည့်ခံပွဲကိုတော့ မတ်လ ၁၁ရက်နေ့ နိုဗိုတယ်ဟို တယ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဟန်းနီးမွန်းကိုတော့ ကမ်းခြေတွေ သွားဖို့ စီစဉ်ထားပြီး ခရီးတိုလေးတွေ အများကြီးထွက်ဖို့လည်း စီစဉ်ထား တယ်လို့ သိရပါတယ်။ မင်္ဂလာဆောင် ပြီးသွားပေမယ့်လည်း သီချင်းတွေကိုသီဆိုခွင့်ရသလောက်ဆက်ဆိုသွားမှာ ဖြစ်ပြီး အနုပညာ အလုပ်တွေကို အကောင်း ဆုံးကြိုးစားလုပ် ဆောင်သွားမှာ ဖြစ် ကြောင်းစန္ဒီမြင့်လွင်ကပြောပါ တယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here