ကျော်သူ ဆီကနေ အတုယူစရာတွေ အများကြီးပဲဆိုတဲ့ သရုပ်ဆောင်ထူးအောင်

0
195

ဦးကျော်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးနေတဲ့ ”ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲကတော့ ဧပြီလပထမအပတ်လောက်မှာ ရိုက်ကူးရေးအပြီးသတ်လိမ့်မယ်လို့ ”ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာပါဝင်တဲ့ သရုပ်ဆောင်ထူးအောင်က ပြောပါတယ်။ သရုပ် ဆောင် ဒေါင်းနဲ့အပြိုင် သရုပ်ဆောင်ရတဲ့ သူ့ရဲ့ကာရိုက်တာအပေါ်ကိုလည်း ထူးအောင်က … ”အဲဒီဇာတ်လမ်းတွဲထဲမှာတော့ ကျွန်တော်က ပိုက်ဆံချမ်းသာတဲ့ သူဌေးသားပေါ့။ နောက်ပိုင်းမှာ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တယ်။ ကိုဒေါင်းရယ်၊ ကျွန်တော်ရယ်၊ မေမြင့်မိုရ်ရယ်ပေါ့။ အချစ်ဇာတ်လမ်းလေးတွေလည်းပါတယ်။ မြှုပ်ကွက်လေးတွေလည်းပါတယ်။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ လူကောင်းတစ်ဝက်၊ လူဆိုးတစ်ဝက်ဖြစ်နေတာပေါ့နော်”လို့ ပြော ပါတယ်။ ”ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေစဉ် ထူးအောင်အတွက် အမှတ်တရဖြစ်ဖွယ်တချို့လည်းရှိခဲ့ပါ သေးတယ်။ အဲဒီအမှတ်တရကတော့ …

”ညပိုင်းမှာ ရေကူးတာတစ်ခုပါတယ်။ နေခင်းပိုင်းရေကူးတာတစ်ခုပါတယ်။ နေ့ခင်းပိုင်း ၂ နာရီ ရေကူးတာတောင် ကျောစိမ့်နေတာ။ ကြက်သီးတွေဘာတွေတောင်ထတယ်။ ညပိုင်းမှာ လည်း ဦးမောင်(ကျော်သူ)က ရေကူးရမယ်ဆိုတာနဲ့ ဘာပဲဖြစ်ဖြစ်ကူးမယ်ပေါ့။ ကျွန်တော်ကလည်းဖြစ်ချင် တော့ ရေသိပ်မကူးတတ်ဘူး။ ရေကူးကန်မှာရေနစ်သေးတယ်(ရယ်လျက်)။ အဲဒါလေးတော့ အမှတ် တရပါပဲ”လို့ ထူးအောင်က ပြောပါတယ်။

”ပုဂံမြို့သူ”ဇာတ်လမ်းတွဲကို ဦးကျော်သူက ရုပ်ရှင်ရိုက်ကူးဖူးသလို အခုရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးနေတာဖြစ်တယ်။ ဦးကျော်သူဆီက ဘာတွေရခဲ့လဲလို့ ထူးအောင်ကို မေးတဲ့အခါ… ”ဦးမောင်ဆီကနေ အတုယူစရာတွေအများကြီးပဲဗျ။ ဦးမောင်က အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီးတော့ လည်း အများကြီးသင်ပြပေးတယ်။ သူလိုချင်တဲ့အချက်တွေကိုပြောပြတယ်။ နောက်ထပ်ရိုက်ကူးမယ့် ဆင်း(န်)တွေမှာ ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းတွေကို ပြောပြတယ်။ သင်ပြပေးတယ်။ ကျွန်တော် အဲဒီလိုမျိုး တစ်ခါမှမရခဲ့ဖူးဘူး။ သူ့ဆီကနေ ပညာတွေအများကြီးရပါတယ်”လို့ ထူးအောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here